မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသို့ နှာခေါင်းစည်းပါမှ ဝင်ရောက်ရမည်


မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးစခန်းတွင် နှာခေါင်း စည်းမတပ်ပါက ဝင်ရောက်ခွင့် မပြုရန် သတ်မှတ်ကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ် သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောသည်။
‘‘ကျန်းမာရေး ရှုထောင့်အရ ဆောင်ရွက်တာပါ။ တရုတ်ဘက် ကလာတဲ့သူလည်း တပ်ရသလို ကျွန်တော်တို့ဆီကလည်း အကုန် တပ်ရမယ်’’ဟု ၎င်းက ပြော သည်။ တရုတ်နိုင်ငံက ဝမ်တိန်နယ် စပ်ဂိတ်တွင် ကုန်သွယ်ရေး မြန် ဆန်စေရန် ယာဉ်မောင်းတစ်ဦး တည်းသာ ဝင်ရောက်ခွင့် တံဆိပ် ရိုက်ရန် သတ်မှတ်ခဲ့ကြောင်း ဦးအောင်သက်ဦးက ပြောသည်။
ယင်းကြောင့် သီးခြားသတ် မှတ်ချက်အဖြစ် ယာဉ်မောင်းတစ် ဦးတည်းသာ ဝင်ရောက်၍ ယာဉ် အကူများကို တရုတ်နိုင်ငံ၏ နယ် စပ်ဂိတ်များသို့ ခေါ်ဆောင်ခြင်း မပြုရန် မူဆယ်သစ်သီးဝလံ ကုန် စည်ဒိုင်က ထုတ်ပြန်သည်။

Post a Comment

0 Comments