ရခိုင်ပြည်နယ် ရသေ့တောင်တွင် ခမရ (၅၃၇)မှ တပ်မတော်သား (၁)ဦး၏ သားဖြစ်သူ ပစ်ခတ်ခံရမှုဖြစ်ပွား


ရခိုင်ပြည်နယ် ၊ ရသေ့တောင် မြို့ အခြေစိုက် ခမရ (၅၃၇) မှ တပ်မတော်သားတစ်ဦး၏ သားဖြစ်သူ မတ် လ (၂၀) ရက်နေ့ ညနေ(၃) နာရီ ခန့်် က ပစ်ခတ် ခံရသည့်အ တွက် ဒဏ်ရာ ရရှိခဲ့သည်။

ပစ်ခတ်ခံရသူ သည် အသက် (၁၁) နှစ်အရွယ်ရှိ မောင်အောင်ဆန်းဦးဖြစ်ပြီး ရသေ့တောင်မြို့ ခမရ (၅၃၇) တပ်ရင်း ပတ်ဝန်းကျင်၊ ကန်တော်ကြီးအနီးမှာ ဆော့ကစားနေချိန် ပစ်ခတ်ခံရပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်သည်။“အဲဒီကလေးက ကျောင်းပိတ်လို့ အဘွားနဲ့အတူနေတာ။ သူ့အဖေ၊ အမေတွေက တပ်ထဲမှာထင်တယ်။ ကန်တော်ကြီးနားပစ်ခတ်လိုက်တာ” ဟု ရသေ့တောင် ဒေသခံ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆို ပါအကြောင်း အရာနှင့် ပတ်သက်၍ ဒုမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမောင်မောင်ချို ကို ဆက်သွယ် ခဲ့သော် လည်း ဖုန်း ကိုင်ခြင်းမရှိ သဖြင့် ရသေ့တောင်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။ခမရ (၅၃၇)တပ်ရင်းသည် ရသေ့တောင်မြို့နှင့် ကပ်လျက် တည် ရှိပြီး ယင်းမြို့နယ်တွင် ခမရ (၅၃၈) နှင့် (၅၃၆) တပ်ရင်း (၃) ရင်း တည်ရှိသည်။

Post a Comment

0 Comments