အိန္ဒိယမှာ ၁၄ နာရီ ကာဖျူးထုတ်


အိန္ဒိယမှာ ၁၄ နာရီ ကာဖျူးထုတ် အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ အခု တနင်္ဂနွေနေ့ကစလို့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ် Narendra Modi က တိုက်တွန်းခဲ့ပြီးတဲ့နောက် ၁၄ နာရီ ကာဖျူးမိန့်ထုတ်ထားတာကြောင့် ပုံမှန်အားဖြင့် လူတွေ ပြည့်ကျပ်ဆူညံနေလေ့ရှိတဲ့ လမ်းတွေဟာ တိတ်ဆိတ်ပြီး အသွားအလာတွေ မရှိသလောက် ဖြစ်နေပါတယ်။ ရထားလမ်းတွေ ပိတ်ထားသလို လူတွေကို လမ်းလျှောက်ဖို့ ဖိအားပေးထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဝန်ကြီးချုပ် Modi က အိန္ဒိယပြည်သူတွေ အိမ်ထဲမှာပဲနေကြဖို့ မှာပေမယ့် ညနေ ၅ နာရီမှာတေ့ ဝရန်တာတွေမှာထွက်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို အားပေးဖို့ တိုက်တွန်းခဲ့တာပါ။ ဆေးရုံလို မရှိမဖြစ် ဌာနမျိုးကလွဲလို့ လုပ်ငန်းတွေအားလုံး တနင်္ဂနွေနေ့မှာ ရပ်နားကြမယ်လို့ ယူဆရပါတယ်။ Coronavirus ကြောင့် ကမ္ဘာကျော် Taj Mahal အဆောက်အဦးပိတ် သတင်း ဖတ်ရှုနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ COVID-19 ရောဂါရတဲ့ လူနာပေါင်း ၂၉၆ ယောက် ရှိပြီး သေဆုံးသူ ၄ ဦး ရှိခဲ့ကြောင်းနဲ့ အားလုံးဟာ နိုင်ငံခြားခရီး ထွက်ခဲ့သူတွေဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ၂၃ ယောက်က ပြန်လည်ကျန်းမာလာပြီလို့လည်း ဆိုပါတယ်။ ကူးစက်ခံရသူ အများစုက ဖျားတာနဲ့ ချောင်းဆိုးတာလို သိပ်မပြင်းထန်တဲ့ အတော်အသင့်ရှိတဲ့ ရောဂါလက္ခဏာတွေ ပြခဲ့ပါတယ်။ တချို့ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေ အတွက်တော့ ဒီရောဂါပိုးကြောင့် အဆုတ်ရောင်ရောဂါ အပါအဝင် ဝေဒနာကို အပြင်းအထန် ခံစားရနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရမှု သိပ်မပြင်းထန်ရင် သီတင်း ၂ ပတ်အတွင်း ပြန်လည်နာလန်ထူလာနိုင်ပြီး ပြင်းထန်တဲ့သူတွေအတွက်တော့ သီတင်း ၃ ပတ်ကနေ ၁ လခွဲလောက်အထိ ကြာမြင့်နိုင်ကြောင်း ဖော်ပြထားပါတယ်။ တကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကူးစက်သူ ၃ သိန်း ၁ သောင်းနီးပါး ရှိနေပြီး ၁ သောင်း ၃ ထောင်ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Post a Comment

0 Comments