အမှန်တကယ် အရေးပေါ်အခြေအနေကြုံမှ ၉၁၁ ကိုခေါ်ဖို့ ပြည်သူတွေကို အမေရိကန်အစိုးရသတိပေး

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို နယူးယောက်မြို့မှာ စနေနေ့က အပြင်းထန်ဆုံး ခံစားရပြီး သေဆုံးသူ ၅၁၇ ဦး ရှိခဲ့ကာ ကူးစက်ဖြစ်ပွား စုစုပေါင်းသည် ၂၉၀၀၀ ထိ ရှိခဲ့သည်။မြို့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အနီးဝန်းကျင်ဒေသတွေမှာ အပြင်းထန်ဆုံး ဖြစ်ပွားနေကြောင်း သိရပါတယ်။ကွင်းအရပ်နဲ့ ဘရွတ်ကလင်းအရပ်တွေမှာ ကိုရိုနာဗိုငးရပ်စ် ကူးစက်ဖြစ်ပွားမှု အများဆုံးပဲ ဖြစ်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု ရင်းမြစ်တွေ မလုံမလောက်တဲ့အချိန်မှာပဲ ဆေးရုံတွေက ‘ရုတ်တရက်ဖြစ်ပွားတဲ့ ကပ်ဘေး’ အဖြစ် ကျရောက်လာနိုင်တယ်လို့ သတိပေးပါတယ်။
အရေးပေါ်လူနာတွေနဲ့ သေဆုံးနှုန်းတွေဟာ စစ်ပွဲဇုန်ထဲ ရောက်နေတဲ့အတိုင်းပဲလို့ ဆရာဝန်တွေက ပြောပါတယ်။သောကြာနဲ့ စနေနေ့ကြားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယူးယောက်မြို့သား သေဆုံးနှုန်းဟာ ကိုးမိနစ်ခွဲမှာ တစ်ဦးနှုန်း ရှိခဲ့ပါတယ်။ အရေးပေါ်ဖုန်း ၉၁၁ ခေါ်ဆိုမှုဟာလည်း စံချိန်တင်ပြီး ၂၄ နာရီအတွင်း အကြိမ်ရေ ၆၅၀၀ ရှိခဲ့ပါတယ်။အရေးပေါ်ဌာနဆီ ခေါ်ဆိုမှု ၁၇၀ ကို တုံ့ပြန်ဖြေကြားခဲရပြီး တာဝန်ရှိသူတွေက ပြည်သူတွေကို အမှန်တကယ် အရေးပေါ်အခြေအနေမှ ခေါ်ဆိုကြပါလို့ တိုက်တွန်းထားပါတယ်။

အရေးပေါ်ဝန်ထမ်းတွေဟာ တစ်နေရာကနေ နောက်တစ်နေရာကို အလျင်မပြတ်ဆိုသလို သွားရတာကြောင့် မြို့အနှံ့မှာ ဥဩဆွဲသံတွေလည်း ပဲ့တင်ရိုက်နေပါတယ်။ကိုးရက်အတွင်း မြို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားနိုင်တယ်လို့ မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက သတိပေးထားပါတယ်။အမေရိကန်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်းဟာ ကမ္ဘာမှာ အများဆုံးအဖြစ် စံချိန်တင် မြင့်မားပြီး တစ်သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Rf; Daily Mail


Post a Comment

0 Comments