ကိုရိုနာဗိုင်းရပ်စ် ဝူဟန်မြို့ စတင်လာခြင်းမဟုတ်ဟု အမေရိကန်ပညာရှင်များ ပြေ


ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ပြည်ဝူဟန်မြို့ ပင်လယ်စာဈေးထဲကနေ စတင်ပေါက်ဖွားလာတာမဟုတ်ဘူးလို့ အမေရိကန်ကျန်းမာရေးပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ ကမ္ဘာမှာ ဒီကပ်ဘေးစတင်ဖြစ်ပေါ်ချိန်ကစလို့ ဗိုင်းရပ်စ် စတင်ပေါက်ဖွားရာရင်းမြစ်ကို အွန်လိုင်းမှာ ခန့်မှန်းမှုတွေ၊ သီအိုရီ ထုတ် ငြင်းခုံကြတာတွေက အဆက်မပြတ်ဖြစ်ပေါ်လာခဲ့တာပါ။
အစောပိုင်းသိပ္ပံလေ့လာမှုတွေ အရတော့ ဒီဗိုင်းရပ်စ်ဟာ သဘာဝဖြစ်စဉ်တွေ ကြောင့် ဖြစ်ပေါ်လာတာလို့ ယူဆကြပါတယ်။ဒါပေမဲ့ တူလိန်းဆေးကျောင်းမှ ပါမောက္ခ ဒေါက်တာ ရောဘတ်ဂယ်ရီကတော့ ဒီဗိုင်းရပ်စ်ဟာ ဝူဟန်က ပင်လယ်စာ ဈေးကနေ စတင်ဖြစ်ပေါ်လာတာလို့ မှားယွင်း ယုံကြည်နေတာကို ထောက်ပြပါတယ်။
သူက “ဒီပိုးရဲ့ ရင်းမြစ်ဟာ အဲ့ဒီထက် စောတယ်၊ ဗိုင်းရပ်စ်ဟာ လူတွေကြားထဲ သိပ်မပြင်းထန်တဲ့ အဖျားရောဂါပုံစံမျိုးနဲ့ ဆယ်စုနှစ်နဲ့တောင်ချီပြီး ရှိနေနိုင်ခဲ့တယ်” လို့ ဆိုပါတယ်။
အမေရိကန်အမျိုးသား ကျန်းမာရေးအင်စတီကျူ ဒါရိုက်တာ ဒေါက်တာ ဖရန်စစ်ကောလင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပုံစံနှစ်မျိုးနဲ့ ဖြစ်နိုင်ပြီး တခုက လင်းနို့တွေလို လက်ခံကောင်တွေမှာ ရှိနေရာက လူ့ဆဲလ်တွေကို ကူးစက်တယ်၊ ဆားစ်နဲ့ မားစ်ရောဂါပြန့်ပွား သလိုမျိုးလို့ ဆိုပါတယ်။
ဒုတိယတခုကတော့ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီကနေ ဖြတ်သန်းပြီးမှ လူတွေကို အဖျား ရောဂါဖြစ်အောင်လုပ်နိုင်စွမ်းရှိတဲ့အဆင့်အထိ၊ လူလူချင်းကူးစက်စေနိုင်စွမ်းဖြစ်တဲ့အဆင့်အထိ ခုလို ရောက်လာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
credit

Post a Comment

0 Comments