တပ်မတော်သားအချင်းချင်း ပဋိပက္ခဖြစ်ပြီး ပစ်ခတ်မှုကြောင့် အရာရှိနှင့် စစ်သည်အချို့သေဆုံ



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်အတွင်း ရှေ့တန်းမှာ လမ်းဖောက်လုပ်ရေးနဲ့ စက်ယန္တရားလုံခြုံရေးဆောင်ရွက်နေတဲ့ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၅၃ က တပ်စုတစ်စုအတွင်း အချင်းချင်းပဋိပက္ခဖြစ်ပွားပြီး ပစ်ခတ်ခဲ့လို့ တပ်မတော် အရာရှိအပါအဝင် စစ်သည်တချို့ သေဆုံးခဲ့ပါတယ်။ မတ်လ ၂၈ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာမှာ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်မတော်သား ၆ ဦးသေဆုံးခဲ့ပြီး စတင်ပစ်ခတ်သူ တပ်သားအဆင့်ကတော့ မိမိကိုယ်ကို ပြန်လည်ပစ်ခတ်လို့ သေဆုံးသွားကာ စုစုပေါင်း ၇ ဦးသေဆုံးခဲ့တယ်လို့ အဲဒီပစ်ခတ်မှုအတွင်းမှာ ကျဆုံးခဲ့တဲ့ တပ်မိသားစုဝင်တစ်ဦးက အတည်ပြုပြောပါတယ်။
အဲဒီလို သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အရာရှိတွေက မိသားစုဝင်တွေကို အသိပေးအကြောင်းကြားတာမျိုးတွေပဲရှိပြီး ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရှိရဘူးလို့ဆိုပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဒီဗွီဘီက ဆက်သွယ်အတည်ပြုရာမှာတော့ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မသိရှိရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် မိုင်းယန်းရဲစခန်းမှူးကတော့ တပ်က အချင်းချင်းပစ်ခတ်လို့ လူသေတယ်လို့ ကြားကာ အလှမ်းဝေးနေတဲ့အတွက် အတိအကျတော့မသိရှိရဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Credit

Post a Comment

0 Comments