ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ ယာဉ်မတော်တဆမှုဖြစ်




သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံ ယာဉ်မတော်တဆမှုဖြစ်ခဲ့တယ်လို့ ပိုင်ဖြိုးသုရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားချက်အရ သိရပါတယ်။ 

COVID-19ကြောင့် ဒါရိုက်တာဏကြီးရဲ့ ချစ်ခင်စမှော်ရုံ ရုပ်ရှင်ရိုက်ကွင်းကိုရပ်နားထားရတာတဲ့အတွက် ပြန်လာခဲ့တဲ့လမ်းမှာ အဲဒီလိုယာဉ်မတော်တဆမှုဖြစ်ခဲ့တာပါ။

စိတ်ပူနေကြတဲ့ပရိတ်သတ်ကြီးကိုလည်း သူမတို့ကို စိတ်မပူစေဖို့ 
သုသုက သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာကို တွေ့ရပါတယ်။

အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ "ချစ်ခင်စမှော်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး....
အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ)....
ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိသုသုတို့နှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်...
ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်....
ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ....
တတ်နိုင်သမျှ အိမ်မှာနေကြပါ....
မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ....နှာခေါင်းစည်း(mask)ဝတ်ကြပါနော်...
ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါ....
အစာအာဟာရမျှတအောင်စားပါနော်....
အားလုံးပဲ ကျန်းမာကြပါ‌စေ"ဆိုပြီးတော့ သုသုက သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာပဲ ဖြစ်ပါတယ်။

Source - ပိုင်ဖြိုးသု Facebook

Post a Comment

0 Comments