မိုင်းထောင်ရန် ချဉ်းကပ်လာသည့် AA အကြမ်းဖက် သောင်းကျန်းသူများကို အ သေပစ်ခတ် ဖမ်းဆီ


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ရာမောင် တံတား၏ အရှေ့တောင်ဘက်တွင် တပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေစဉ် မတ်လ ၂၅ရက် ည ၆ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ (၃) ဦး မိုင်းထောင်ရန် ချဉ်းကပ် လာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

အဆိုပါနေရာအား အသေးစိတ်စစ်ဆေးရာ အရပ်ဝတ်ဝ တ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူ အလောင်း (၃) လောင်းတွင် မိုင်းထောင်ရာတွင် အသုံးပြုသည့် နှစ်ပင်လိမ် ဝိုင်ယာကြိုး၊ လက်ကိုင်ဖုန်း ၂ လုံး၊ လွယ်အိတ် ၁ လုံး၊ ဖုန်းမှတ်တမ်းစာအုပ် ၁ အုပ်နှင့် အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့နောက် သိမ်းဆည်းရမိခဲ့သည့် ဖုန်းများအတွင်းမှ အေအေ အကြမ်းဖက်သောင်းကျန်းသူများအချင်းချင်း ဆက်သွယ်ထားသည့် မှတ်တမ်းများ၊ မဟုတ်မမှန်ဝါဒဖြန့်ချိသည့် ဗီဒီယိုဖိုင်များနှင့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များအား စစ်ဆေးတွေ့ရှိခဲ့သည်။အဆိုပါနေရာအနီးဝန်းကျင်အား တပ်မတော်စစ်ကြောင်းမှ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments