အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိရှာဖွေမည့် ယာဉ်သစ် နာဆာ မိတ်ဆက်


အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှာဖွေမယ့်ဂြိုဟ်ဆင်းယာဉ်သစ်ကို အမေရိကန်အမျိုးသားလေကြောင်းနဲ့အာကာသအုပ်ချုပ်ရေး(နာဆာ)က မီဒီယာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။အင်္ဂါဂြိုဟ်ဆင်းယာဉ်ကို ဂြိုဟ်ဆင်းယာဉ်၊ ပျံသန်းရေးအဆင့်နဲ့ ဆင်းသက်ရေးအဆင့် ဆိုပြီး အပိုင်း သုံးပိုင်းခွဲ ပြသခဲ့တာပါ။
အဲဒီယာဉ်ကို အမေရိကန်နိုင်ငံက တာဟိုးရေကန်အရွယ်အစားရှိတယ်လို့ ယုံကြည်ရတဲ့ အင်္ဂါဂြိုဟ်ပေါ်က ချိုင့်ကြီးဆီ စေလွှတ်မှာဖြစ်ပြီး သက်ရှိဖြစ်တည်ခဲ့သလားဆိုတာသိဖို့ ချိုင့်ကြီး အောက်ခြေက နမူနာတချို့ကို ထုတ်ယူမှာ ဖြစ်ပါတယ်။အင်္ဂါဂြိုဟ်ဆင်း မစ်ရှင်ဟာ အပိုင်းနှစ်ပိုင်းပါ မစ်ရှင်ရဲ့တပိုင်းဖြစ်ပြီး ဒီမစ်ရှင်က နမူနာတွေကို မြေကမ္ဘာဆီ ပို့ဆောင်ပေးသွားမှာပါ။
ဂြိုဟ်ဆင်းယာဉ်ဟာ သက်ရှိတွေကို ရှာဖွေရုံသက်သက် ဒီဇိုင်းထုတ်ထားတာတင်မကဘဲ အဲဒီချိုင့်ကြီးရဲ့ မျက်နှာပြင်ကိုလည်း စူးစမ်းသွားမှာပါ။
ပိုအရေးပါတာက အဲဒီယာဉ်ဟာ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ လူသားတွေကို မြင်နိုင်လောက်တဲ့ နည်းပညာပစ္စည်းတွေနဲ့ ပရိုဂရမ်တွေကို စမ်းသပ်သွားမှာလည်း ဖြစ်ပါတယ်။
အဲဒီအင်္ဂါဂြိုဟ်ဆင်းယာဉ်ကို ၂၀၂၀ အစောပိုင်းမှာ နာမည်ပေးသွားမှာဖြစ်ပြီး အရင် အင်္ဂါ ဂြိုဟ်ဆင်းယာဉ် ၄ ခုကတော့ ဆိုးဂျွန်နာ၊ စပစ်ရစ်၊ အပေါ်ကျူနီတီနဲ့ ကျူရီယိုစီတီတို့ ဖြစ်ပါတယ်။
လူလိုက်ပါခြင်းမရှိတဲ့ အင်္ဂါဂြိုဟ်ဆင်းယာဉ်သစ်ကို ၂၀၂၀ ဇူလိုင်လမှာ အင်္ဂါဂြိုဟ်ကို စေလွှတ်သွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
#credit

Post a Comment

0 Comments