အရှေ့တောင်အာရှ၏နောက်ဆုံးလက်ကျန် လာအိုနိုင်ငံမှာ ပထမဆုံးအကြိမ် COVID-19 ရောဂါတွေ့ရှိကြောင်း အတည်ပြု



လက်ရှိတွင် မြန်မာနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ အမျိုးသား(၂) ဦးတွေ့ရှိခဲ့ရာ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ် ကြည့်ရှုမှုများ လုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။မတ် ၂၃ ရက်က WHO ၏ ထုတ်ပြန်ချက်အရ ကမာ္ဘတဝန်း၌  (COVID-19) ကူးစက်ခံရသူ ၃ သိန်း ကျော်ရှိပြီးသေဆုံးသူ ၁ သောင်း ၄ ထောင်ကျော် ရှိပြီဖြစ် ကြောင်း သိရသည်။
ကိုရိုနာမဖြစ်ပွားသေး သည့် အရှေ့တောင်အာရှ၏နောက်ဆုံး လက်ကျန် လာအိုနိုင်ငံ မှာ ပထမဆုံးအကြိမ် COVID-19 ရောဂါ တွေ့ရှိကြောင်း အတည်ပြု လိုက်ကြောင်း သိရပါတယ်။ (COVID-19 )ရောဂါ ပထမဆုံးအကြိမ် ဖြစ်ပွားကြောင်း အတည်ပြုလိုက်ပါတယ်။လာအိုကျန်းမာရေး ဒုတိယဝန်ကြီးက ယနေ့ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ အရေးပေါ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြို့တော် ဗီယက်ကျင်းက အသက် ၂၈ နှစ်ရွယ် ဟိုတယ်အမျိုးသားဝန်ထမ်းတစ်ဦးနဲ့ ၃၆ နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးတို့မှာ COVID-19 ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံးအတည်ပြုခဲ့တဲ့ လူနာဟာ မတ်လ ၅ရက်ကနေ ၈ ရက်နေ့ကြား ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။
မတ်လ ၉ ရက်နေ့က ဗီယက်ကျင်း ဝိတ်တေး အပြည်ပြည်လေဆိပ်ကနေ လာအိုကို ပြန်လာခဲ့ကြောင်း သိရပါတယ်။မတ်လ ၂၃ ရက်နေ့မှ စတင်ဖျားနာလာပြီး ရောဂါလက္ခဏာတွေ စတင်ခံစားခဲ့ရကြောင်း သိရပါတယ်။ အဲဒီနောက် ဗီယက်ကျင်းရှိ ကုတင် ၁၅၀ မစ်တာဖက်ချစ် ကြည်ရေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး သီးသန့်ထားရှိကာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ခဲ့ရှိတယ်လို့ ဆိုပါတယ်။

ဒုတိယလူနာအမျိုးသမီးကတော့ မတ်လ ၁၀ ရက်နေ့က ရောဂါလက္ခဏာပြခဲ့ပြီး စမ်းသပ်ဖို့ အဆိုပါဆေးရုံကို တက်ခဲ့တယ်လို့ သိရပါတယ်။ သွေးစစ်မှုတွေနဲ့ ဓါတ်မှန်ရိုက်တာတွေ ပြုလုပ်ခဲ့ပေမယ့် ပုံမှန်မဟုတ်တဲ့အရာ မတွေ့ရတာကြောင့် လူနာက ဟိုတယ်ကို ပြန်လည်သွားရောက်ကြောင်း ဆိုပါတယ်။ နောက်ပိုင်း ရောဂါလက္ခဏာ ပိုဆိုးရွားလာတာကြောင့် ဆေးရုံကို ထပ်မံပို့ဆောင်ခဲ့ပါတယ်။

ဆေးရုံရောက်ပြီးနောက် စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရတာ တွေ့ရတယ်လို့ သိရပါတယ်။ လူနာ နှစ်ဦးစလုံးကတော့ အဆိုပါ မစ်တာဖက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး အခြေအနေ တည်ငြိမ်နေကြောင်း ဖော်ပြထားပါတယ်။ နောက်ဆက်တွဲ ၎င်းတို့ အနီးကပ်ထိတွေ့ခဲ့သူတွေနဲ့ သွားလာခဲ့ရာတွေကို ခြေရာခံဖို့ ကြိုးပမ်းနေကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသွားပါတယ်။

REF:     MYANMAPLATFORM

Post a Comment

0 Comments