အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် WHO ကို COVID-19 ကာလ အတွင်း ထောက်ပံ့ကြေး ရပ်ဆိုင်

အမေရိ ကန်ပြည်ထောင်စုအနေ နဲ့ ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ ( WHO ) ကို ထောက်ပံ့ပေးနေ တဲ့ ရန်ပုံငွေအားလုံး ကို ရပ်တန့် လိုက်ပြီဖြစ်ကြောင်း သမ္မတ ထရမ့်က ကြေညာလိုက် ပါတယ်။ ထရမ့် က ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ (WHO) ဟာ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး ကမာ္ဘကို တင်ပြရာမှာ ဖုံးကွယ်ထားတာတွေပြုလုပ်ခဲ့ပြီး ဆိုးဆိုးရွားရွား စီမံခန့်ခွဲခဲ့တယ် ဆိုတာ ကို ၎င်းတို့အစိုးရ ပြန်လည် သုံးသပ်နိုင်ခဲ့တယ် လို့ ဆို ပါတယ်။
“တကယ်တမ်း မှာ ကမာ္ဘ့ ကျန်းမာရေးအဖွဲ့ (WHO) ဟာ သတင်းအချက်အလက်တွေရယူဖို့၊ စိစစ်ဖို့နဲ့ အဲ့ဒီသတင်းအချက်အလက်တွေကို ကမာ္ဘကို အချိန် ကာလအလျှောက် ပြန်လည်မျှဝေ ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ သူ့ရဲ့ အခြေခံတာဝန်ကိုတောင် ထမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် ဒါကို တာဝန်ခံရမှာဖြစ် ပါတယ် ” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေ ရဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတိပေးထောက်လှမ်းမှု အချက်အလက်တွေ မရရှိခဲ့တာ၊ ဗိုင်းရပ်စ် ပြန့်နှံ့နိုင်ခြေကို အချိန်မီ ကာကွယ်ပြင်ဆင်ခြင်းမပြုနိုင်ခဲ့ တာကြောင့် ဝေဖန်ပြစ်တင်ခံနေ ရတဲ့ သမ္မတထရမ့်ဟာ သူ့ကို ဝေဖန်နေတဲ့ အကြောင်းတွေအားလုံး ကို လျစ်လျူရှုပြီး ” ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာဖို့ နှောင့်နှေးခဲ့တဲ့ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) သာ တာဝန်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်က ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) ဟာ အမေရိကန်အစိုးရရဲ့ ခရီးသွားလာရေးပိတ်ပင်မှုတွေကို ဆန့်ကျင်ခဲ့ကြောင်းနဲ့ ဗိုင်းရပ်စ်ဟာ လူသားအချင်းချင်း မကူးစက်နိုင်ဘူးဆိုတဲ့ တရုတ် ရဲ့ ဝါဒဖြန့်မှုကိုသာ ကမာ္ဘ ကို သတင်းစကားပါး ခဲ့တယ်လို့ ဆိုပါတယ် ။
WHO အပေါ် လုံးဝ စိတ်ပျက်နေပါတယ်ဆိုတဲ့ အမေရိကန်ခေါင်းဆောင် ဟာ အဖွဲ့ဝင်အဖြစ်ကနေပါ နုတ်ထွက်ဖို့ စဉ်းစားနေကြောင်းနဲ့ တကယ်လို့ WHO အနေနဲ့ သူ့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ကို ပြောင်းလဲမှုမရှိဘူးဆိုရင် ” အမေရိကန်အနေနဲ့ ရွေးချယ်စရာ မရှိဘူး၊ နုတ်ထွက်ရုံပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ မှာ အမေရိကန်ပြည်ထောင်စုဟာ WHO အဖွဲ့အစည်းအတွက် ရန်ပုံငွေအများဆုံးကို ထည့်ဝင်ပေးနေတဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ က ဒုတိယအများဆုံး ထည့်ဝင်နေတာပါ။ ထရမ့်က ပြောကြားစဉ်မှာ အမေရိကန်အနေနဲ့ တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၄၀၀ ကနေ ၅၀၀ ကြားထောက်ပံ့ပေးနေတယ်လို့ အချက်အလက်အမှားနဲ့ ပြောကြားခဲ့ပါသေးတယ်။
တကယ်တမ်းမှာတော့ WHO ကစာရင်းတွေအရ အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၁၀၀ ခန့်သာ ရန်ပုံငွေ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ တရုတ်ကတော့ WHO ကို တစ်နှစ် ကန်ဒေါ်လာ သန်း ၄၀ ထောက်ပံ့နေတာပဲဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရန့် ( WHO ) ကို COVID-19 ကာလ အတွင်း ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်ပီ…
WHO ဟာ ထိုင်ဝ မ်ရဲ့ ကိုဗစ်အောင်မြင်မှု လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပြီး ကျန်နိုင်ငံတွေကို ပညာပေးဖြန့်ဝေမှုတွေမလုပ်ခဲ့ဘူးလို့ ဝေဖန်ခံနေရပါတယ်။ WHO ဝန်ထမ်းတွေကို ထိုင်ဝမ်အကြောင်းမေးရင် အင်တာဗျုးဖုံးကို ဖြတ်တောက်ပစ်တာ၊ မကြားချင်ယောင်ဆောင်ပြီး ပြန်မဖြေတာ၊ တရုတ်ပြည်နဲ့ အတူတူပဲဆိုပြီး တရုတ်အကြောင်းပြောပြီးပြီလို့ လုံးချတာတွေရှိတယ်လို့ ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်က WHO အကြီးအကဲကို အသရေဖျက်မှုအတွက် တောင်းပန်ဖို့ တောင်းဆိုထားကြပါတယ်။
WHO ဟာ တစ်နှစ်ကို ခရီးစရိတ်ချည်းပဲ ဒေါ်လာ သန်း ၂၀၀ လောက်သုံးနေပြီး ၂၀၁၆ တုန်းက WHO အကြီးအကဲ မာဂရတ်ချန်ဟာ အနောက်အာဖရိကကို ခရီးလှည့်လည်စဉ် တစ်ညကို မြန်မာငွေ ၁၅ သိန်းနီးပါးကုန်ကျတဲ့ ဟော်တယ်မှာ တည်းခိုခဲ့ဖူးပါတယ်။
Credit

Post a Comment

0 Comments