စပိန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးမှုစံချိန်တင်

စပိန်နိုင်ငံမှာ ဗုဒ္ဓဟူး နေ့ တနေ့ထဲမှာ လူပေါင်း ၉၅၀ သေဆုံးသွားတဲ့ အတွက် တရက်အတွင်း သေဆုံးမှု အများဆုံး စံချိန်သစ် တင်သွား ခဲ့ပြီး စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း ကလည်း ၁ သောင်း ကျော်သွားပြီ ဖြစ်ပါတယ်။ စပိန် အရေးပေါ်ဌာန အကြီးအကဲ Fernando Simon ကတော့ ဒီရောဂါ ဖြစ်ပွားသူ တသိန်း တသောင်းကျော် အထိ ဖြစ်လာ ချိန်မှာပဲ နိုင်ငံတဝှမ်း ရောဂါ ပြန့်ပွားမှု နှုန်းက အတိုးအလျှော့ မရှိ တည်ငြိမ်နေတယ်လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောပါတယ်။ မတ်လ ၂၅ ရက် အထိ ရောဂါ ပြန့်ပွားမှုက နေ့စဉ် ၂၀% တက်နေ ရာကနေ အခု ၁၂ % အောက်ကို လျော့ကျလာကြောင်း တွေ့ရတဲ့ အတွက် ဒေသခံတွေ ကိုယ့်အိမ်မှာ ကိုယ်နေဖို့ အမိန့်ထုတ်ထားတာ အလုပ်ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ ဒီရောဂါ ဖြစ်ပွားသူဟာ အီတလီနဲ့ အမေရိကန်မှာ အများဆုံး ဖြစ်ပြီး စပိန်က တတိယ နေရာမှာ ရှိသလို သေဆုံးမှုမှာတော့ အီတလီပြီးရင် စပိန်က ဒုတိယ အများဆုံး ဖြစ်နေတာပါ။

Credit

Post a Comment

0 Comments