ရန်ကုန်မှာ သင်္ကြန်ကာလ အသွားအလာကန့်သတ်

ရန်ကုန်တိုင်းဒေသကြီး အတွင်း သင်္ကြန်ကာလ ဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ ရက်နေ့အတွင်း ကျန်းမာရေးကိစ္စနှင့် အစားအသောက် ဝယ်ယူခြင်းမှ လွဲ၍ အပြင်ထွက်ခြင်း မပြုကြရန် တိုင်းအစိုးရအဖွဲ့က ဧပြီ ၂ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အထက်ပါ အကြောင်းအရင်း ၂ ရပ်မှ လွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွါ သွားလာခြင်း မပြုဘဲ မိမိနေအိမ်တွင် နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြထားသည်။

မတ်လ အတွင်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် တရပ်အဖြစ် လူစုလူဝေး၊ ပွဲလမ်းသဘင်များ ကို ဧပြီလ အထိ မပြုလုပ်ကြရန် တိုင်းဒေသကြီး အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ရောဂါ ဖြစ်ပွါးသူကို မတ်လ ၂၃ ရက်နေ့ကစတင် တွေ့ရှိခဲ့သည်။ ဧပြီ ၃ ရက်နေ့ ညအထိ ပိုးတွေ့ရှိထားသူ ဦးရေသည် ၂၀ ဦးရှိပြီး ၁ ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Credit

Post a Comment

0 Comments