သားလေးလိုချင်လား၊ သမီးလေးလိုချင်လား

မိခင် ဖခင်လောင်းတွေအတွက် ဗဟုသုတ ဖြစ်စေဖို့နဲ့ လက်တွေ့ အသုံးပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ် ..

သနေ္ဓသားလောင်းရဲ့ sex ကယောကျ်ားတွေနဲ့ပဲသက်ဆိုင်တာပါ ..
ပုံသေနည်းကတော့ ဒီလိုပါ ..

Sex Chromosomes
XX-female
XY-male
X sperm+X ovum=XX(female)
Y sperm+X ovum=XY(male)
X sperm= သမီးဖြစ်မဲ့သုက်ပိုး
Y sperm= သားဖြစ်မဲ့သုက်ပိုး
ယောကျာၤးတွေမှာ Xchromosome ပါတဲ့သုက်ကောင်ရယ်  .. Ychromosome ပါတဲ့ သုက်ကောင်ရယ် ရှိပါတယ်။

မိန်းမတွေမှာတော့ Xchromosome မျိုးဥတွေပဲရှိပါတယ်။ မိန်းမရဲ့ X chromosome မျိုးဥထဲကို ယောကျာၤးရဲ့ X chromosome
သုက်ကောင်ဝင်ရင် XX(မိန်းကလေး)မွေးဖွားမှာဖြစ်ပြီး မိန်းမရဲ့ X chromosome မျိုးဥထဲကိုယောကျာၤးရဲ့ Ychromosome
သုက်ကောင်ဝင်သွားရင် XY(ယောကျၤားလေး) မွေးဖွားမှာပါ .. 
ဒါကြောင့် သားလား၊ သမီးလားဆိုတာ ယောကျၤားရဲ့
Chromosome တွေပေါ်မှာပဲ မူတည်ပါတယ်..
ယောကျာၤးတွေဟာ သုက်တခါလွှတ်ရင်သုက်ကောင် သန်းချီပြီး ပါပါတယ်.. 
မိန်းမတွေကတော့ ပုံမှန်ဆိုရင် ၁ လ မျိုးဥ ၁ လုံးကြွေပါတယ်။ အဲဒီမျိုးဥထဲကို ယောကျာၤးရဲ့သုက်ကောင် ၁ ကောင်ဝင်ရောက်ပြီးရင်
ကျန်တဲ့အကောင်တွေကတော့ သေဆုံးသွားရပါတယ်... X သုက်ကောင်ဝင်ရင်မိန်းကလေးဖြစ်ပြီး Y သုက်ကောင်ဝင်ရင်တော့ ယောကျာၤးလေးဖြစ်ပါမယ်...
ဒါဆိုရင် သားယောကျာၤးလေးလိုချင်သူတွေက Y သုက်ကောင်လေးတွေအတွက် အခွင့်အလမ်းပိုပေးခြင်း၊ သမီးမိန်းကလေးလိုချင်သူတွေက X သုက်ကောင်လေးတွေအတွက် အခွင့်အလမ်းပိုပေးခြင်းဖြင့်
ကြိုးစားကြည့်နိုင်ပါတယ်။
ဒါပေမဲ့ ကြိုးစားတိုင်းတော့ ရနိုင်မှာမဟုတ်ပါဘူး။
ဖြစ်နိုင်ချေ အနည်းငယ်လေးပဲရှိရှိ စမ်းကြည့်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေသုံးကြည့်ပါ။

ယောကျာၤးသုက်ရည်ထဲက Y spermတွေက X sperm တွေထက်ပိုသေးပါတယ် .. 
ဒါကြောင့် Y တွေက X တွေထက်ပိုမြန်မြန်ကူးခတ်နိုင်ပေမဲ့ အရင်ဦးစွာလည်းပျက်စီးသေဆုံးကြပါတယ်။
ပျမ်းမျှအားဖြင့်ကျားသုက်ရည်ထဲဲကသုက်ကောင်တွေဟာ မိန်းမကိုယ်ထဲမှာ ၃ ရက္ကေန ၆ ရက်အထိရှင်သန်နိုင်ကြပါတယ်။ 
အဲဒီအချိန်ထိ သူတို့တိုးဝင်ရမဲ့မိန်းမရဲ့ မျိုးဥကရောက်မလာဘူးဆိုရင်
တော့ Y spermတွေကစပြီး တဖြည်းဖြည်း
Xsperm တွေရော အားလုံးသေဆုံးကြမှာပါ။
အဲဒီတော့ မိန်မရဲ့မျိုးဥကြွေရက်နဲ့ သားရဖို့ သမီးရဖို့ကဆက်စပ်မှုရှိပါတယ်။
မိန်းမမျိုးဥကြွေရက်မှာ timing ကိုက်ပြီး X နဲ့ Y ယှဉ်ပြေးခိုင်းရင် ပေါ့ပါးလျှင်မြန်တဲ့ Y အများစုကအရင်ရောက်ပြီး Y တစ်ကောင်
အောင်ပွဲခံသွားနိုင်ပါတယ်။
မိန်းမမျိုးဥမကြွေခင် ၃-၄ ရက်လောက်ကြိုတင်ပြီး ဆက္ဆံ/သုက်လွှတ်ပေးထားမယ်ဆိုရင်မျိုးဥအလာကို စောင့်ရင်း Y ကောင်လေးတွေ တဖြည်းဖြည်းလျော့နည်းလာပြီး X ကောင်တွေထဲက တစ်ကောင်
အောင်မြင်ဖို့ ရာခိုင်နှုန်းများလာပါတယ်။
အဲဒီတော့ မျိုးဥကြွေတဲ့ရက်ကို သိဖို့လိုလာပြီပေါ့။ 
မိန်းမတွေဟာ ရာသီစက်ဝန်းရဲ့အလယ်လောက်မှာမျိုးဥကြွေပါတယ်။
ရာသီစက်ဝန်းတွက်ချက်ရင် သွေးစဆင်းတဲ့နေ့ကို ၁ ရက်နေ့လို့သတ်မှတ်ပါတယ်။
ရက် ၃၀ စက်ဝန်းရှိသူက ၁၅ ရက်ဝန်းကျင်၊ ၂၈ ရက် စက်ဝန်းရှိသူက ၁၄ ရက်ဝန်းကျင်မှာ Ovulation ဖြစ်ပါတယ်။ မျိုးဥကြွေတဲ့ရက်ဆိုရင် ဗိုက်အောက်ပိုင်းမှာ မသိမသာ sensation လေးတခုလဲပြ
တတ်ကြပါတယ်။ တချို့အမျိုးသမီးတွေကတော့ mittelschmerz
(ovulation pain/middle pain) လလယ်နာကျင်ခြင်း တောင်ရှိတတ်ကြပါတယ်။ နောက်တခုက မျိုးဥကြွေတဲ့ရက်မှာ ခန္ဓာကိုယ်အပူချိန်
အပြောင်းအလဲဖြစ်တာပဲ။ 
မျိုးဥမကြွေခင် ရှေ့ပိုင်းရက်တွေမှာ အပူချိန်ဟာ ပုံမှန်အောက် နည်းနည်းကျနေမယ်။ 98.6Fမပြည့်ဘူးပေါ့။ မျိုးဥကြွေတဲ့နေ့လဲရောက်ရောရုတ်တရက် ပုံမှန်ထက်ကျော်သွားပါတယ်
ဒါကြောင့်မျိုးဥကြွေရက် သိချင်ရင် Basal BodyTemperature(BBT) တိုင်း ရမယ်။ မနက်ခင်းမထခင် အိပ်ယာထဲမှာပဲ နေ့စဉ်တိုင်းပြီး အသေးစိတ်သေချာရေးမှတ်ထားပါ။ လလယ် မျိုးဥကြွေခါနီးဆိုပိုဂရုစိုက်တိုင်းပါ။
အပူချိန်ရုတ်တရက် တက်သွားတဲ့နေ့ဟာ မျိုးဥကြွေသွားတဲ့နေ့ပါလို့အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ အတိက်ဆုံးကေတာ့ ဆေးဆိုင်တွေက Ovulation Kit ခေါ်တဲ့ပစ္စည်းကိရိယာလေးဝယ်ပြီး စမး်သပ်ခြင်းဖြင့် မျိုးဥကြွေရက်သိနိုင်ပါတယ်။

Y spermတွေဟာ acid ဓာတ်ကိုသိပ်မနှစ်သက်ပဲ alkaline ဘက္က်တဲ့ Vaginal pH 7-10 လောက်မှာ ပိုမိုရှင်သန်ပြီးသန်မာကြပါတယ်။X sperm တွေကတော့ Vaginal pH 4-7 ကိုပိုနှစ်သက်တယ်။

မိန်းမကိုယ်ရဲ့ pH ကလဲ အချိန်အခါ အခြေအနေ အစားအသောက်တွေပေါ်မူတည်ပြီး အပြောင်းအလဲ ဖြစ်ပါတယ်။
Ovulation ဖြစ်ခါနီးမှာ acid ဓာတ်နည်းလာတတ်ပြီး ကျန်အချိန်မှာဆို pH 3.5-4.5 အကြားမှာရှိတတ်ပါတယ်။
ဒါကြောင့် မျိုးဥကြွေရက်နဲ့နီးလေလေ Ysperm  တွေက တစ်ပန်းသာလေလေဖြစ်ပါမယ်။
ကျန်အချိန်မှာတော Xsperm တွေကပိုအခြေအနေလှပါမယ်။

နောက်တခုကနေရာကိုစဉ်းစားရပါမယ်။ 
မိန်းမကိုယ်ရဲ့အပြင်ဘက်ဝပိုင်းက acid ဓာတ်ပိုများပြီး အတွင်းဘက်သားအိမ်ဝနားက acid လျော့ပါတယ်။ ဒါကြောင့်ယောကျာၤးကသုက်လွှတ်တဲ့အခါမိန်းမကိုယ်အပြင်ဝနားမှာ လွှတ်လိုက်ရင် X တွေက ပိုကြိုက်မယ်။ အတွင်းဆုံးပိုင်းမှာလွှတ်ရင် Y တွေပိုကြိုက်မယ်။
သားယောကျာၤးလေးအတွက် Y ကိုဦးစားပေးမယ်ဆိုရင် Deep penetration ဖြစ်စေမဲ့ sex position တွေကိုရွေးချယ်ပါ။
အကြံပြုရမယ်ဆိုရင်တော့ Doggy style ပေါ့။ မတ်တပ်ရပ်အနေအထားကလည်းအကျိုးရှိနိုင်ပါတယ်။ မတ်တပ်ရပ်ရင် Gravity ရဲ့ဆွဲအားပိုမိုသက်ရောက်ပြီးလျှင်မြန်ဖျတ်လတ်တဲ့ Y တွေရှေ့ရောက်မယ်။
X တွေနောက်ကောက်ကျခဲ့မယ်။
အမျိုးသမီးတွေ Orgasm(အထွတ်အထိပ်/ပြီးဆုံးခြင်း)ရောက်လို့ထွက်လာတဲ့ secretion တွေက alkali ဓာတ်တွေဖြစ်တယ်။
ဒါကြောင့်သူတို့ရဲ့ ပြီးဆုံးခြင်းအနေအထားကလဲ သားဖြစ်ခြင်း/သမီးဖြစ်ခြင်းကို သက်ရောက်ပါတယ်။ အမျိုးသမီးကိုပြီးဆုံးအောင် အရင်ဆောင်ရွက်ပေးရင် Vaginal pH က နဂိုထက်မြင့်လာပြီး Y sperm တွေပိုသာပါမယ်။

နောက်ထပ် Vaginal pH(မိန်းမကိုယ်အက်စစ်/အယ္ကာလီ) ကို အစားအစာနဲ့ထိန်းညှိကြမယ်။ 
သားယောကျာၤးလေးရဖို့ အတွက်ဆိုရင် alkaline food တွေဦးစားပေးပြီးစားမယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ ဖရဲသီး၊ သခြားသီး၊ စြံပလြံသီး၊ ပန်းသီး၊ စပ်စ္သီး၊ နာနတ္သီး၊ သရက္သီး၊ သဘောၤသီး စတဲ့အသီးအနှံတွေနဲ့ ဟင်းနုနွယ်၊ကိုက်လန်၊ ဘရိုကိုလီ၊ တရုတ္နံနံ၊ ငရုတ္သီး၊ ငရုတ်ကောင်းချင်း၊ ကြက်သွန်ဖြူ /နီ၊ ပန်းဂေါ်ဖီ စတဲ့အသီးအရွက်တော်တော်များများကိုပိုမိုစားသုံးပေးနိုင်ပါတယ်။
အပြင်မှာacidic ဖြစ်ပေမဲ့ ခန္ဓာကိုယ်မှာချေဖျက်ပြီးရင် alkaline ဖြစ်သွားတဲ့ သံပုယို၊ သံပုရာ၊ ရှောက်၊ လိမေ္မာ် စသည်တို့ကိုပါ
စားသုံးပေးသင့်ပါတယ်။ (မိမိရဲ့ရှိရင်းစွဲကျန်းမာရေးအခြေအနေကို ထိခိုက်စေတဲ့အစားမျိုးတော့ မသင့်တော်ပါ)
သမီးမိန်းကလေးလိုချင်ရင် Acidic food တွေပိုစားပါ။ ပေါင်မုန့်၊ ချောကလက်၊ ပေါက်ပေါက်၊ ဂ်ယ္လီ၊ လှုပ်လျှင်အမြှုုပ်ထတဲ့ Carbonated soft drink အချိုရည်များ၊ Red bull/shark ကဲ့သို့ energy drink မ်ား၊ အပြင်မှာ alkaline ဖြစ်ပေမဲ့ စားလိုက်လျှင် acidic ဖြစ်သွားတာတွေ ကေတာ့ အသားတွေဖြစ်တဲ့ အမဲသား၊ ဝက္သား၊ ကြက်သား၊ ငါးတို့နှင့် နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဆိတ်နို့၊ မလိုင်၊ ဒိန်ချဉ်၊ ထောပတ် စသည်တို့စားပါ။
ပုဇွန်တုပ်၊ ကင်းမွန်စတဲ့ပင်လယ်စာများစားပါ။ 

သတိပြုရန်-ဒီအစားအစာတွေဟာကိုယ်ဝန်မဆောင်ခင် ခဏတာသာ ကြိုတင်စားသုံးရမှာဖြစ်ပြီး ကိုယ်ဝန်ရရှိပြီးရင်တော့ က်ား/မ ဖြစ်တည်ပြီးသွားပြီမို့ acidic တွေ alkaline တွေရွေးချယ်မနေဘဲ ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးပေးရပါမယ်။ မိန်းမကိုယ်ဟာ Alkali ဓာတ်တွေများပြီး acid ဓာတ်တွေအမြဲတမ်း နည်းနေမယ်ဆိုရင်တော့ ရောဂါပိုးတွေဝင်ရောက်လာနိုင်ပါတယ်။ မှိုပိုး၊ ဘက်တီးရီးယားပိုးတွေ ဝင်လာတဲ့အခါ နှိမ်နှင်းမဲ့ acid ဓာတ်ကလည်းအရေးပါပါတယ်။

ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ သား/သမီး ရနိုင်ခြေကိုလဲတင်ပြလိုက်ပါတယ်။ Cough syrup တွေထဲက expectorant ခေါ် ချွဲပျော်ဆေးတွေကအသက်ရှုလမ်းကြောင်းကို သာမက မိန်းမကိုယ်ထဲက အကျိအချွဲကိုပါ သက်ရောက်မှုရှိတယ်လို့ တချို့ဆေးပညာရှင်တွေ လက်ခံထားကြပါတယ်။
cervix (သားအိမ်ဝ)နားမွာ အချွဲတွေ များပြီး ပိတ်နေရင် သုက်ကောင်တွေ အထဲရောက်နိုင်ချေနည်းလာပါတယ်။ ချွဲပျော်ဆေးပါတဲ့ Cough syrup သောက်ရင် သားအိမ်ဝအချွဲပါ ကျဲလာလို့
သနေ္ဓအောင်နိုင်ချေရော သားယောကျာၤးလေးရနိုင်ချေပါ တက်လာတယ်လို့ဆိုကြပါတယ်။ ဆေးပစ္စည်းဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ်ထက် နီးစပ်ရာဆေးပညာရှင်နဲ့တိုင်ပင်ပြီးမှသာစမ်းကြည့့်ပါလို့ တပါတည်းအမှာပါးထားပါရစေ။

နောက်ထပ် ယောကျာၤးတွေဘက် လှည့်ရအောင်။ 
Sperm သုက်ကောင်တွေကို testis(ဝှေးစေ့)တွေထဲကနေထုတ်ပါတယ်။ ဒီ sperm တွေ ရှင်သန်ပွားများဖို့အတွက်ကလည်းအပူချိန်ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ testis တွေက ခန္ဓာကိုယ်ပြင်ပမှာ scrotum (ကပ်ပယ်အိတ်)နဲ့ တည်ရှိနေရတာပါ။ ရာသီဥတုပူရင် testis တွေက body နဲ့ဝေးရာသွားမယ်။ ရာသီအေးရင် body နဲ့နီးရာလာမယ်။ ဒီလိုနည်းနဲ့ ထိန်းပါတယ်။ sperm တွေထဲက Ysperm နဲ့ Xsperm တို့ဟာ အပူချိန်နှစ်သက်ပုံသဘောသဘာဝ နဲနဲကွာခြား
ပါတယ်။ Y တွေကနဲနဲအေးတာကို ပိုနှစ်သက်ပါတယ်။ 
ဒါကြောင့် သားလိုချင်ရင်ယောကျာၤးက အတွင်းခံအကြပ်တွေမဝတ်ဘဲ ပွပွချောင်ချောင် Boxer short လိုမျိုးကို ရွေးပါ။ ဆက်ဆံမဲ့ရက်တွေမှာရေနွေးနဲ့ရေချိုးခြင်းရှောင်ပါ။ Laptop လိုအပူထွက်ပစ္စည်းတွေ ပေါင်ပေါ်တင်မသုံးပါနဲ့။ ဒါပေမဲ့ ပူလွန်းအေးလွန်းရင်တော့ X တွေရော Y တွေရောအတွက်မသင့်တော်လို့ သနေ္ဓရနိုင်ခြေနည်းသွားနိုင်ပါတယ်။
နောက်တချက်က သုက်ကောင် (အထူးသဖြင့်Y သုက်ကောင်)တွေကိုဖလန်းဖလန်းဖြစ်အောင် booster တပ်ပေးနိုင်ဖို့ ကော်ဖီသောက်ပါတဲ့။ ကော်ဖီခပ်ပြင်းပြင်းလေးတစ်ခွက်ကို မဆက်ဆံခင်် နာရီဝက်- ၁ နာရီမှာသောက်ပေးရင် သနေ္ဓအောင်နှုန်းနဲ့ သားယောကျာၤးလေး ဖြစ်နှုန်းတက်လာနိုင်ပါတယ်လို့ လမ်းညွှန်ထားတာတွေ့ရပါတယ်။ (နေ့စဉ်သောက်တဲ့ coffee ကေတာ့ acidic food စာရင်းထဲ ပါဝင်ပါတယ်)။
ဘီယာ/အရက်/ဝိုင်ဆေးလိပ် စသည်တို့ ရှောင်ခြင်းက သားယောကျာၤးလေး ဖြစ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေသုံးစွဲရင်သမီးမိန်းကလေးရဖို့များတယ်လို့တော့မဆိုလိုပါဘူး။
ဒါတွေအပြင် တရုတ်လူမျိုးတွေကနောက်တနည်းပါ ထပ်ပေါင်းကြပါသေးတယ်။ Lunar Calendar (လ ပြက္ခဒိန်) ကိုသုံးခြင်းပါ။
၎ လပြက္ခဒိန်နည်းလမ်းပါ သုံးစွဲချင်ရင်တော့ ထပ်မံလေ့လာကြည့်လိုက်ကြပါ။

ကဲ .. အထက်ပါအချက်အလက်များကိုလေ့လာကြည့်ပြီး သားလိုချင်သူ၊ သမီးလိုချင်သူ၊ သားဖြစ်ဖြစ်သမီးဖြစ်ဖြစ်ကလေးလိုချင်သူ၊ အကြောင်းအမျိုးမျိုးကြောင့် ကလေးမလိုချင်သူများလိုအပ်သလို အသုံးချနိုင်ပါတယ်။
ဒီအချက်တွေဟာ ဆေးပညာရှင်တွေအားလုံး တညီတညွတ်တည်း
သဘောတူထောက်ခံထားခြင်း မဟုတ်ပေမဲ့ နိုင်ငံတကာမှာတော့ သုံးစွဲနေကြပါတယ်။
18+ များပါသည့်အတွက် တချို့အသုံးအနှုံးများအဆင်မပြေပါက
နားလည်မှုပေးကြဖို့နဲ့ အချက်အလက်လွဲမှားမှုရှိခဲ့ပါကလည်း
ပညာရှင်များ ပြုပြင်ပေးသွားကြပါရန်.. 

Credit 

Post a Comment

0 Comments