အချစ်ရေးမှာ ခိုင်မာတဲ့ယုံကြည်မှုတစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ

အချစ်ရေးမှာ ခိုင်မာတဲ့ယုံကြည်မှုတစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ

၁။ တစ်ယောက်ကိုတစ်ယောက် ဦးစားပေးပါ။
တစ်ယောက်ကိုတစ်ယောက် အလေးထားပြီး ဦးစားပေးတယ်ဆိုရင် တန်ဖိုးထားခံရပြီး ဂရုစိုက်ခံရတယ်လို့ နှစ်ယောက်စလုံးရဲ့ စိတ်မှာ ခံစားရပါတယ်။ ဒီလိုခံစားရပြီဆိုတာနဲ့ ယုံကြည်မှုဖြစ်တည်လာပါတယ်။ ချစ်သူအတွက် အရာအားလုံးပုံပေးထားပါ။ ဒါဟာ ချစ်သူအတွက် သင့်ရဲ့ဝါသနာတွေ၊ စိတ်ဆန္ဒတွေကို စတေးဖို့ထိ ဆိုလိုတာမဟုတ်ပါဘူး။ ချစ်သူရဲ့ အတွေးအမြင်တွေကို လက်ခံပြီး လေးစားချစ်ခင်ကြောင်းပြဖို့ လုပ်နိုင်သလောက်လုပ်ဖို့ ဆိုလိုတာဖြစ်ပါတယ်။

၂။ စစ်မှန်စွာနေထိုင်ပါ။

တချို့လူတွေရှိပါတယ်။ ချစ်သူအထင်ကြီးစေဖို့ မရွိတာကို အရှိလုပ်ပြီး လိမ်ညာပြောဆိုတာ၊ ဟန်လုပ်တာတွေပေါ့။ တကယ်ချစ်တယ်ဆိုရင် ဘာကိုမွ ဟန်လုပ်ပြနေစရာမလိုပါဘူး။ လိမ်ညာထားတာတွေကို သိလာတဲ့အခါမွ ယုံကြည်မှုပျက်ပြားပြီး ခွင့်လွှတ်ဖို့ခက်စေပါတယ်။ တစ္ခုခုကို လိမ်ညာထားတယ်ဆိုရင် အလိမ်ပေါ်သွားမလား ဆိုတဲ့စိတ္က အမြဲတမ်း ဖိစီးနေတတ်ပါတယ်။ ဒါကြောင့် အမှန်အတိုင်းဖွင့်ပြောပါ။ စစ်မှန်စွာပဲနေထိုင်ပါ။

၃။ ပြဿနာတွေ၊ လိုအပ်ချက်တွေ၊ ကြောက်စိတ်တွေကို ပြောပြထားပါ။

လူတိုင်းမှာ ပြဿနာတွေ၊ ကြောက်စိတ်တွေ၊ လိုအပ်ချက်တွေရှိနေတတ်ပါတယ်။ ဘယ်အရာကိုမှမျိုသိပ်မထားဘဲ ခ်စ္သူကို ဖွင့်ပြောဖို့လိုပါတယ်။ သံသယစိတ်တွေရှိနေရင်တောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြီး ရှင်းစရာရှိတာရှင်းသင့်ပါတယ်။ ယောက်ျားလေးအများစုက အကောင်ပြရင်တောင် အရိပ်မမြင်တတ်ပါဘူး။ ဒါကြောင့် လိုအပ်နေတာတွေ၊ ဖြစ်စေချင်တာတွေရှိရင်လည်း သူရိပ်မိလောက်မှာပါလို့ မယူဆပါနဲ့။ ပွင့်ပွင့်လင်းလင်းပြောပြီး ယုံကြည်မှုကို တည်ဆောက်လိုက်ပါ။ ချစ်သူတွေကြားမှာ သူငယ်ချင်းတွေလို ရင်းနှီးပွင့်လင်းမယ်ဆိုရင် ပိုပြီးတော့တောင်ကောင်းပါတယ်။

၄။ စကားလုံးတွေကို ဂရုစိုက်ပါ။

ဆိုလိုတာကေတာ့ အဓိပ္ပာယ်ရှိတဲ့စကားတွေကိုပဲပြောပြီး ပြောသမျှစကားတည်ပါဆိုတဲ့ အဓိပ္ပာယ်ပါ။ စကားလုံးတွေဆိုတာ သိပ်ကိုအစွမ်းထက်ပါတယ်။ ကြင်နာတဲ့စကားလုံးတွေက စိတ်ချမ်းမြေ့စရာကောင်းသလောက် အထင်သေးတဲ့စကားလုံးတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လေးစားတန်ဖိုးထားပြောဆိုပြီး ရိုးသားပွင့်လင်းရင် ယုံကြည်မှုခိုင်မာလာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂနၳဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ယုံကြည်မှုနဲ့ ထိုက်တန်အောင် နေထိုင်ကျင့်ကြံပါ။

တစ္ခုခုကို လုပ်မယ်လို့ ပြောထားရင် လုပ်ဖြစ်အောင်လုပ်ပါ။ ပြောထားပြီးမှ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်တဲ့အကြောင်းရင်းကို ပြောပြီး ဝန်ခံလိုက်ပါ။ စကားတွေတင် မဟုတ်ပါဘူး။ အပြုအမူတွေကိုပါ ယုံကြည်စရာကောင်းအောင် နေထိုင်ပါ။

၆။ အမှားတွေကို ဝန်ခံပြီး ပြန်လည်ပြင်ဆင်ပါ။

ချစ်သူတွေကြားမှာ ရန်ဖြစ်တာ၊ အမှားလုပ်မိတာလေးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို ကတောက်ကဆဖြစ်ခဲ့ရင် တစ်ယောက်ကို တစ်ယောက်အလျှော့ပေးပြီး မှားနေရင် ဝန္ခံပါ၊ စိတ်ကောက်နေရင် ချော့လိုက်ပါ၊ ပြုပြင်ပါ၊ နောက်တစ်ခါ မမှားအောင်ဆင်ခြင်ပါ။ ဒါဆိုရင် ပြဿနာအကြီးကြီးတွေမဖြစ်တော့ပဲ အချစ်ရေးမှာလည်း အဆင်ပြေ၊ ယုံကြည်မှုကိုလည်း တည်ဆောက်ပြီးသားဖြစ်မှာပါ။

၇။ စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုက်ပါ။

လောကမှာ လိုသူတွေရှိသလို၊ မလိုသူတွေလည်း ရှိပါတယ်။ မလိုသူတွေရဲ့ ပယောဂကြောင့် အချစ်ရေးပျက်စီးတာမျိုးမဖြစ်အောင် ကြုံလာသမျှအခက်အခဲတွေ၊ အတားအဆီးတွေကို ရင်ဆိုင်လိုက်ပါ။ ရှောင်မပြေးပါနဲ့။ လက်တွဲမဖြုတ်ပါနဲ့။ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေများလေလေ၊ ယုံကြည်မှုက ပိုမိုခိုင်မာလေဖြစ်ပါတယ်။

၈။ အသိအမှတ်ပြုပြီး အကောင်းမြင်ပါ။

တစ်ယောက်ကို တစ်ယောက်ယုံကြည်ဖို့ဆိုတာ အကောင်းမြင်စိတ်ရှိမှ ရမွာပါ။ မကောင်းမြင်စိတ်က ယုံကြည်မှုကိုရော၊ အချစ်ရေးကိုပါ ထိခို်က်စေနိုင်ပါတယ်။ ချစ်သူရဲ့ တည်ရှိမှုအတွက် ကျေးဇူးတင်စိတ်လေးထားပါ။ များများပွေ့ဖက်ပါ။ များများထိတွေ့ပါ။ များများရယ်မောပါ ဒီလိုနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေ ဖန်တီးပြီး ယုံကြည်မှုကို တည်ဆောက်လိုက်ပါ။

ယုံကြည်မှုကိုတည်ဆောက်ဖို့ အားစိုက်ထုတ်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ အချိန်တွေလိုအပ်ပါတယ်။ ယုံကြည်မှုသာရှိရင် လူချင်းဘယ်လောက်ဝေးဝေး စိတ်ချင်းနီးနေသလို ခံစားရစေပြီး ယုံကြည်မှုမရှိရင်တော့ နှစ်ယောက်သားအတူရှိနေရင်တောင် စိတ်ချင်းဝေးစေပါတယ်။ ဒါကြောင့် ယုံကြည်မှုကို တည်ဆောက်ပါ။ ဘယ်သူတွေ ဘယ်လိုသွေးထိုးပါစေ ချစ်သူရဲ့ ပြောစကားကိုသာ ယုံကြည်တဲ့၊ ဘေးစကားတွေကို ဂရုမစိုက်တတ်တဲ့ ချစ်သူတွေအဖြစ် ပျော်ရွှင်နိုင်ကြပါစေနော်။
Credit

Post a Comment

0 Comments