တောင်ကိုရီးယားက အခုနှစ်မှာ မြောက်ကိုရီးယားကို အမေရိကန်ဒေါ်လာ ၅ သန်းကျော် လှူမည်


မြောက်ကိုရီးယားနို်ငငံအတွက် နိုင်ငံတကာအေဂျင်စီတွေရဲ့ အကူအညီပေးရေး စီမံကိန်းတွေဆီ အခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၇ သန်းနီးပါး လှူဒါန်းသွားဖို့ တောင်ကိုရီးယားက ကတိကဝတ်ပြုကြောင်း ပြန်လည်ရင်ကြားစေ့ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဆေးဝါးထေက်ပံ့ရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စီမံကိန်းမှာ ဒေါ်လာ လေးသန်း ထည့်ဝင်မယ်လို့ ဒီဇင်ဘာလက ကတိကဝတ်ရယ်၊ ကြက်ခြေနီအဖွဲ့ကတစ်ဆင့် မြောက်ကိုရီးယားရဲ့ တိုင်ဖုန်းမုန်တိုင်းဒဏ်က ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် ဒေါ်လာ ၁ ဒသမ ၇၃ သန်း အပါအဝင် အခု အကူအညီငွေကြေးကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ လှူဒါန်းငွေဟာ မြောက်ကိုရီးယားက လူသားချင်းစာနာထောက်ထားရေး စီမံကိန်းတွေအတွက် အခုနှစ်မှာ ကမ္ဘာ့နိုင်ငံတွေ လှူဒါန်းမယ် ကတိပြုထားတဲ့ ဒေါ်လာ ၉ ဒသမ ၄၃ သန်းမှာ အစုအပုံ ကြီးမားစွာ ပါဝင်နေတဲ့ လှူဒါန်းငွေပဲ ဖြစ်ပါတယ်။မြောက်ကိုရီးယားအတွက် ဆွစ်ဇာလန်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၁၃ သန်း၊ ဂျာမနီက ဒေါ်လာ ၆၇၀၀၀၀ အသီးသီး လှူဒါန်းမယ် ကတိခံပြီးနောက်မှာ တောင်ကိုရီးယားကလည်း ကတိကဝတ်ပြုလာတာ ဖြစ်ပါတယ်။
ကတိပြုထားကြတဲ့ လှူဒါန်းငွေ စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်း၊ ဒေါ်လာ ၄ ဒသမ ၉ သန်းကို WHO စီမံကိန်းတွေကတစ်ဆင့် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
Rf; Yonhap News Agency

Post a Comment

0 Comments