“အစိုးရ ဘာလုပ်နေလဲ” ပြောသူတွေကို အင်္ဂလန် ပို့လိုက်ပါဆိုတဲ့ မန်ချက်စတာရောက် မြန်မာတစ်ယောက်


အစိုးရ ဘာလုပ်နေလဲ…အဲ့လို ပြောနေတဲ့ သူတွေကို အင်္ဂလန်လွှတ်လိုက် အကိုတဲ့။ ဖုန်းထဲမှာ ကျနော် ညီလိုချစ်ရတဲ့ မောင်မျိုး အသံက နာကျည်းသံပေါက် နေပါတယ်။
မောင်မျိုး အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က အိမ်မှာ Lockdown ကျ နေတာ ၂ ပါတ်ရှိပါပြီ။ ဘီစကစ် ၃ ချပ်ပါတဲ့ အထုပ် ၄ ထုပ် နွားနို့တစ်လီတာ ပန်းသီးတလုံး ဗန်တိုတဗူးကို

တရက် စားသောက်ရင် ၁၄ ရက်အတွက် အိုကေပါတယ်လို့ အစိုးရက တွင်တွင် အော်နေတယ် အကိုရေ။ အဲ့ဒါတောင် ကိုယ့်ဟာကိုယ် ဝယ်စားရမှာနော်တဲ့။
ဘာ Q မှ အစိုးရက စီစဉ်မပေးဘူး။ Facility Q တွေ Close Contact တွေ Isolation တွေ လာမပြောနဲ့။ ပေါ့စတစ်တွေ့တဲ့သူတောင် အိမ်မှာကိုယ့်ဟာကိုယ် Isolate လုပ်။ ပါရာစီတမော သောက်၊ စီဗစ်စား၊

အမောဖောက်လာရင် အကြောင်းကြား၊ လာခေါ်မယ်တဲ့ဗျာ။ မယုံရင် ကိုအောင်ရင် ကြီးရေး ထားတာသာ ဖတ်ကြည့်ကြလို့ ပြောလိုက်ပါအကိုတဲ့။ ထောက်ပံ့ကြေးလား။ ကုမ္ပဏီဖက်က ၅၀၊ အစိုးရက ၃၀၊ ပြောလိုက်။
အစိုးရက ၅၀၊ ကုမ္ပဏီတွေက ၃၀ ပြောလိုက်နဲ့ ဘော်လီဘောပုတ်နေတာ ကျနော်တို့ ရင်မနေရပြီတဲ့။ ဒါပထမလ အတွက်ပဲ ရှိသေးတာ။ နောက်လ နောက်လတွေ အတွက်တော့ မတွေးရဲတော့ဘူးတဲ့။ဒါပေမယ့် ဘယ်သူမှ ဆန္ဒမပြဘူး။
ဘယ်ပါတီကမှ မီးဝင်မထိုးဘူး။ ဘယ်အဖွဲ့ကမှ ပနာဝင်မယူဘူး။ အစိုးရ အခက်အခဲကို လူတိုင်းနားလည်တယ်။ Right နဲ့ Rule ကိုခွဲခြားတတ်တယ်။ ကိုယ့်ရပိုင်ခွင့်တွေ တောင်းရမယ့်အချိန် မဟုတ်ဘူး အကိုရေတဲ့။
ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်တဲ့ ကိစ္စလား။ တနေ့လူ ၂ သောင်း စစ်နေတယ်လေ။ နောက်တပါတ်လောက်ဆို လူရှစ်သောင်းလောက်အထိ တိုးစစ်ဖို့ လုပ်နေကြတယ်။ ပြဿနာက ပိုးတွေ့ပါပြီတဲ့။ ဘာဆက်လုပ်ကြမလဲ။
အိမ်မှာပဲ နေခိုင်းမှာလေ။ ဘာထူးမှာလည်း အကိုတဲ့။ အစိုးရက လူတွေပိုးနဲ့ များများထိတွေ့။Immunity တွေ များများရ။ သေတဲ့လူ လည်းသေ။ ရှင်တဲ့လူလည်းရှင်။ အဲ့လိုများ ရည်ရွယ်နေသလား မသိပါဘူး အကိုရာတဲ့။
အရင့်အရင်ကလည်း လုပ်ခဲ့ဘူးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တော့ ဒီကလူတွေ သံသယဝင်ကြတာ အပြစ်တော့ ပြောလို့မရဘူး အကိုရေ တဲ့။ အခု အင်္ဂလန်အစိုးရက တိုင်ပါတ်နေတာ။ ဘတ်ဂျက်ကို ပိုးစစ်တဲ့နေရာမှာ သုံးရမလား၊
ပိုးသတ်တဲ့ Research သုတေသနမှာ သုံးရမလားအကာအကွယ် ပစ္စည်းတွေ ဝယ်တဲ့ နေရာမှာသုံးရမလား၊ PPE တွေ Ventilator အသက်ရှူစက် တွေပဲ ဝယ်ရမလား၊ Q စခန်းတွေဆောက်၊
အစားအသောက် နဲ့ facility တွေပေးပြီး ပိုးကို ထိန်းတဲ့နေရာမှာ သုံးရမလား၊ စဉ်းစား နေရတုန်း အကိုရေ။အခု ကျနော်တို့က မြန်မာအစိုးရရော မညီးမညူ တိုက်ပွဲဝင်နေတဲ့ ဆရာဝန် ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေ၊
ကူကြလှူကြ နိူးဆော်ကြ၊ ရိုင်းပင်းကူညီနေကြတဲ့ မြန်မာတွေကို အားကျနေတာ အကိုရေ။ မြန်မာပြည်က အစိုးရ ကြိုမပြင်ဘူးလား။ ဘာတွေလုပ်နေလဲ မေးနေတဲ့ အချို့
အချို့သော တာဇံတွေကို အင်္ဂလန်အစိုးရကတော့ဒါတွေ ဒါတွေ လုပ်နေပါတယ် ဆိုတာလေး ပြောပြလိုက်ပါ အကိုတဲ့။ 

credit

Post a Comment

0 Comments