မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်(၁၉) လူနာကို ရောဂါပျောက်အောင် ကုသနိုင်ခဲ့ပြီ


မြန်မာနိုင်ငံမှာ ပထမဆုံး COVID 19 လူနာကို ရောဂါပျောက်အောင် ကုသနိုင်ခဲ့ပြီ ဝမ်းသာစရာ သတင်းကောင်းတခုပါဗျ။ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် postive လူနာကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့တဲ့အတွက်
ပထမဆုံးသော အောင်မြင်မှု ရလဒ်တခုဖြစ်ပြီး နောက်ထပ်လူနာများ ဝမ်းသာအားတက်ဖွယ် အရမ်းကောင်းလာတာကြောင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်ဗျာ။တနိုင်ငံလုံး ဝမ်းသာကြည်နူးရအောင် ရှဲပေးကြပါအုံးနော် ဒီသတင်းကို ၇ ဒေ သတင်းဌာနက ဖော်ပြထားတာကို
ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်နော်။ သတင်းမှာ “လူနာအမှတ်(၄)ကို တတိယမြောက် ဆေးစစ်ရာတွင် COVID-19 ပိုးမတွေ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစပြုပြီး အောက်ပါအတိုင်း ဖော်ပြထားတာဖြစ်ပါတယ်။”မန္တလေး မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့
လူနာအမှတ်(၄) အမျိုးသားသည် တတိယအကြိမ်မြောက် ဆေးစစ်မှုတွင် ပိုးမတွေ့ရှိ (negative) ကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်စစ်ဆေးမှုများတွင် ရောဂါပိုးတွေ့ရှိ(positive) သော်လည်း
ဧပြီ ၂ ရက်က ထွက်ရှိသည့် တတိယမြောက် ဆေးစစ်မှုတွင် ရောဂါပိုးမတွေ့ရှိ(negative)ကြောင်း ၎င်းက ဆိုသည်။လူနာ၏ ဓါတ်ခွဲနမူနာကို ငါးရက်တစ်ကြိမ်စစ်ဆေးခြင်းဖြစ်ပြီး နောက်တစ်ကြိမ် negative တွေ့ရှိခြင်းနှင့် ရောဂါလက္ခဏာများ ကင်းစင်ပါက
ရောဂါပျောက်ကင်းသည်ဟု အတည်ပြုနိုင်မည်ဖြစ်ကြောင်း ဒေါက်တာခင်ကျော်က ပြောသည်။အမေရိကန်နိုင်ငံသားခံယူထားသော မြန်မာလူမျိုး လူနာ အမှတ်(၄)အမျိုးသားသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မတ်လ ၁၉ ရက်က ပြန်လည်ရောက်ရှိခဲ့ပြီး
မတ်လ ၂၂ ရက်က ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် မတ်လ ၂၅ ရက်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပြသခဲ့သည်။ထို့မှတစ်ဆင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်း၏ ဓာတ်ခွဲနမူနာကို
အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ မတ်လ ၂၆ ရက် တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။” ဝမ်းသာစရာ ကောင်းတဲ့ သတင်းကောင်းတခုကို ဖတ်ရှုရင်း မြန်မာပြည်သားတွေအားလုံး အားတက်စေပြီး ညီညွတ်စွာ လက်တွဲ ကျော်ဖြစ်နိုင်ကြပါစေဗျာ။ 

credit

Post a Comment

0 Comments