တရုတ်ပြည်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှုစာရင်းကို သမ္မတထရမ့် မယုံကြည်

တရုတ်၏ COVID-19 ကူးစက်နှင့် သေဆုံးစာရင်းများ မှန်ကန်တိကျမှုအပေါ် သံသယရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်တွင် ဝေဖန်ပြောကြားလိုက်ပါတယ်။
သူတို့ စာရင်းတွေ ဘယ်လောက်တိကျလဲ ကျုပ်တို့ ဘယ်လိုလုပ်သိနိုင်မလဲ။ သူတို့ စာရင်းတွေကြည့်ရတာ လျှော့လျှော့ပေါ့ပေါ့ စာရင်းပြထားသလိုခံစားရတယ် ဟု သမ္မတထရမ့်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။
တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း၊ အထူးသဖြင့် သမ္မတရှီကျင့်ဖျင်နှင့် ဆက်ဆံရေး အထူးကောင်းမွန်ကြောင်းလည်း သမ္မတထရမ့်က ပြောသည်။ သို့သော် ဗိုင်းရပ်စ်ကူးစက်မှုအရေး အမေရိကန်နှင့်တရုတ် အပြန်အလှန်ပြစ်တင်နေခြင်း၊ အေမရိကန္စစ္တပ္က ဗိုင်းရပ်စ်စဖြန့်သည်ဟု တရုတ်ပြည်တွင်း၌ ကောလာဟလများ ပြန့်နေခြင်းတို့ကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာလျက်ရှိနေပါတယ်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီး ကူးစက်နှင့် သေဆုံးစာရင်းများကို တရုတ်က ဖုံးဖိလိမ်လည်ထားခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအတွင်းသတင်းရင်းမြစ်ကို ကိုးကား၍ ဘလွမ်းဘာ့ဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်၏ COVID-19 ကူးစက်နှင့် သေဆုံးစာရင်းများသည် ရည်ရွယ်ချက်ရှိရှိ လိမ်လည်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ အချက်အလက်တုများဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်သို့ပေးပို့ခဲ့သော ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း ဘလွမ်းဘာ့ဂ်သတင်းက ဖော်ပြထားပါတယ်။
ဧပြီ ၁ ရက်အထိ တရုတ်နိုင်ငံတွင် COVID-19 ကူးစက္သူ ၈၂၃၆၁ ဦး၊ သေဆုံးသူ ၃၃၁၅ ဦးရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ကူးစက္သူ ၂၀၆ ၂၀၇ ဦး၊ သေဆုံးသူ ၄ ၅၄၂ ဦး ရှိပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်နေပါတယ်။
အမေရိကန်နိုင်ငံမှာလည်း စာသင်ကျောင်းများ ပိတ္ထားကာ လူစုလူဝေးများ ပိတ်ပင်ထားပြီး ခရီးသွားလာမှုကန့်သတ်ကာ လူ မ်ားအား အိမ်တွင် နေခိုင်းခြင်း စသောလူမှုရေး ခပ်ခွာခွာနေထိုင် ရေး အစီအစဉ်များ ခ်မွတ္ထား သော်လည်း အမေရိကန်တွင် COVID-19 ဆက်လက်ကူးစက် နေစဉ် လူ ၁၀၀,၀၀၀ နှင့် ၂၄၀,၀၀၀ ကြား သေဆုံးနိုင်သည် ဟု ဗိုင်းရပ်စ်ကို တိုက်ပွဲဝင်နေ သော ထိပ်တန်းသိပ္ပံပညာရှင်များ က ပြောကြားခဲ့ပါတယ်။ အမေရိကန်တွင် ထိန်းချုပ်မှု မ်ား မလုပ်ဆောင်ပါက လူ ၂ ဒသမ ၂ သန်းအထိ သေဆုံးနိုင် သည်ဟုလည်း ၎င်းတို့က သတိ ပေးထားပါတယ်။
အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင် ရီပတ်ဘလီကန်အမတ် မီရွဲမက္ကူးလ္က COVID-19 နှင့်ပတ်သက်ပြီး တရုတ်သည် ယုံကြည်ရသော မိတ်ဖက်မဟုတ်ဟု ဝေဖန်ခဲ့ပါတယ်။

Credit

Post a Comment

0 Comments