ထိုင်းမှာ သောကြာနေ့ကစပြီး ညမထွက်ရအမိန့်ထုတ်

ထိုင်းနိုင်ငံမှာ Coronavirus ပိုးကူးစက်မှု ထိန်းချုပ်တဲ့အနေနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
နက်ဖြန်သောကြာနေ့ကစပြီး ည ၁၀ နာရီကေန မနက် ၄ နာရီကြား တနိုင်ငံလုံး မထွက်ရအမိန့်ထုတ်ပြန်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha က ရုပ်မြင်သံကြားပေါ်ကနေ ဒီကနေ့ ကြေညာသွားတာဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ပို့ဆောင်တာ၊ သီးခြားခွဲထားဖို့လိုအပ်သူတွေ၊ လူနာတွေ၊ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော့ ညမထွက်ရ ခြွင်းချက်ပြုတယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ Coronavirus ကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်သွားချိန်မှာ ဒုတိယလူဦးရေအများဆုံးမြို့ ဖြစ်တဲ့ Los Angeles မြို့ မြို့တော်ဝန်က အများပြည်သူကြားသွားသူတိုင်း နှာခေါင်းစည်း မျက်နှာဖုံးအကာ ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ သုံးဖို့ လိုအပ်နေတဲ့ ဆေးရုံသုံး နှာခေါင်းစည်းမျိုးကိုတော့ မဝတ်သင့်ပေမဲ့ အဝတ္စကို နှာခေါင်းစည်းအကာအဖြစ်ဝတ်ဆင်ပြီး Coronavirus ပိုးကူးစက်မှု တားဆီးကြဖို့ မြို့တော်ဝန် Eric Garcetti ကပြောကြားခဲ့ပါတယ်။
အစားအသောက်ထွက်ဝယ်တာမျိုးလို့ မျဖစ္မေန အိမ်ပြင်ထွက်ဖို့လိုမှ ထွက်ဖို့လည်း သူကထပ်သတိပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုအစိုးရ ကျန်းမာရေးတာဝန်ခံတွေကတော့ နှာခေါင်းစည်းအကာဝတ်ဆင်ဖို့ အကြံမပြုသေးပါဘူး။
ကမ်ဘာတဝန်းမှာ Coronavirus ပိုးကူးစက္သူ စုစုပေါင်း ၁,၀၀၀,၀၀၀ ပြည့်ခါနီးနေသလို သေဆုံးသူကလည်း ၅၀,၀၀၀ နီးပါးရှိနေပါတယ်။ ရောဂါပိုးကူးစက်မှု မြန်ဆန်နေတဲ့အပေါ် စိုးရိမ္တယ္လို့ WHO ကမ်ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲက ပြောကြားပါတယ်။
အိမ်ပြင်မထွက်ရ တားမြစ်ချက် ထုတ်ထားတဲ့နေရာတွေက ဆင်းရဲသားတွေ ပိုပြီးဒုက္ခဖြစ်နေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ လူမှုဖူလုံရေးစနစ်မကောင်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Credit

Post a Comment

0 Comments