ဒုတိယသမ္မတ ၂ နှင့် မိသားစုဝင်များအပါအဝင် အနီးကပ်ထိတွေ့သူ ၃၀ ခန့်ကို ယနေ့တွင် ဓါတ်ခွဲစမ်းသပ်မည်

ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ နဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့သူတွေ စုစုပေါင်း ၃၀ လောက်ကို ဒီနေ့မှာ ဓါတ္ခြဲနမူနာယူ စစ်မှာ ဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ Covid-19 ရောဂါပိုးကူးစက်မှုအခြေအနေ ထုတ်ပြန်မှုအပြီးမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခုပါဝင်နေတာပါ။ ဒီဘာသာရေးအဖွဲ့အစည်းနဲ့ ဒုတိယသမ္မတ ၂ တို့ရဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တက်လာတာကြောင့် အစိုးရအနေနဲ့ ဒုတိယသမ္မတ ၂ နဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့သူတွေကို ဓါတ်ခွဲစမ်းသပ်တော့မှာ ဖြစ်ပါတယ်။

" အဆိုပါပုံတွေဟာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကလို့ စိစစ်သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ အေစာဆုံး ကူးစက်မှု တွေ့ရှိခဲ့တာက မတ္လ ၂၃ ရက်နေ့ ဖြစ်ပါတယ်။ အဆိုပါဘာသာရေးအဖွဲ့နဲ့ ဒီရက် နောက်ပိုင်းတွေ့ဆုံမှုမရှိဘူးလို့ သိရပါတယ်။ သို့သော်လည်းပဲ အခုလို ထိတွေ့မှုသတင်းတွေအပေါ်မှာ လူထု စိုးရိမ်မှုမြင့်တက်နေတာတွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး စုစုပေါင်း လူ သုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူနာတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ် " လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံ့အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊တွေ့ဆုံမှုတွေကို ကျန်းမာရေးGuideline တွေနဲ့အညီ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံအညွှန်း - လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသောပုံ

Post a Comment

0 Comments