အမေရိကန်တောင်ပိုင်းမုန်တိုင်း လူ ၆ ဦးထက်မနည်းသေ

အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Oklahoma၊ Texas နဲ့ Louisiana ပြည်နယ်တွေမှာ ဗုဒ္ဓဟူးနေ့က အင်အားပြင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့်အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  Texas ပြည်နယ်၊ Huston မြို့နဲ့ မိုင် ၈၀ လောက်အကွာ က Onalaska မြို့မှာ လေဆင်နှာမောင်း ဝင်ရောက်ခဲ့တဲ့ အတွက် အနည်းဆုံးလူ ၃ ဦးသေဆုံးပြီး ၃၀ လောက် ဒဏ်ရာရ သွားခဲ့တယ်လို့ Texas ပြည်နယ်အရှေ့ပိုင်း အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ Oklahoma ပြည်နယ် Marshal ခရိုင် မှာလည်း ၂ ဉီးသေဆုံးပြီး နေရာအနှံ့ အပျက်အစီးတွေရှိခဲ့သလို လျှပ်စစ်မီးတွေပြတ်တောက်နေ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Louisiana ပြည်နယ် အနောက်အလယ်ပိုင်း Woodworth မြို့အနီး မှာတော့ လေဆင်နှမောင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါတယ်။ တောင်ဘက်က ပူနွေးတဲ့လေစီးကြောင်းနဲ့ မြောက်ဘက် လေအေးတို့ ထိတွေ့တဲ့အတွက် လေထုတွင်း မငြိမ်မသက်ဖြစ်ရာကနေ နှစ်စဉ် ဒီလိုအချိန်တိုင်း အမေရိကန်မှာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေနဲ့ ကြုံရလေ့ရှိပါတယ်။ ကြာသပတေးနေ့ကလည်း အမေရိကန် အရှေ့ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ ကြုံရနိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနက သတိပေးထားပါတယ်။

Post a Comment

0 Comments