ထိုင်းနိုင်ငံမှာ ဆင်အကောင်ရေ ၁၀၀၀ ကျော် အစာရေစာ ငတ်ပြတ်နေ

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေထိုးကျသွားလို့ ထိုင်းနိုင်ငံမှာ ဆင်အကောင်ရေ ၁၀၀၀ ကျော် အစာရေစာ ငတ်ပြတ်နေတယ်လို့ သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။ ခရီးသွားဝင်ရောက်မှု မရှိသလောက် ဖြစ်သွားတဲ့အတွက် ဆင်စခန်းရဲ့ ထိန်းသိမ်းသူတွေက ဆင်စာဖိုး မတတ်နိုင်အောင် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဆင်စခန်းတွေမှာ ဆင်အကောင်ရေ ၄၀၀၀ ရှိပြီး ဆင်တစ်ကောင်က တစ်နေ့ကို အစားအစာ ၂၀၀ ကီလိုဂရမ်အထိ စားနိုင်စွမ်းရှိပါတယ်။ ထိုင်းနိုင်င့မှာ ပြီးခဲ့တဲ့တနင်္လာနေ့က COVID-19 ကူးစက်ခံရသူ ၁၂၇ ယောက် ထပ်တိုးခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၆၅၁ ယောက်အထိ ရှိလာပါတယ်။

''သူတို့ကို ဘေးကင်းလုံခြုံအောင် ထိန်းထားနိုင်ဖို့ အထောက်အပံ့မရဘူးဆိုရင်တော့ ဒီဆင်တွေ အစာငတ်သေရင်သေ၊ မသေရင် လမ်းပေါ်မှာ အစာ လျှောက်တောင်းနေပါလိမ့်မယ်။ ဆင်တချို့က ဇီး(ကိုယ်ဝန်)ရှိနေပါတယ်''လို့ Save Elephant Foundation ရဲ့ တည်ထောင်သူ လက်ချိုင်းလတ်က ပြောပါတယ်။

credit

Post a Comment

0 Comments