အာဏာခွဲဝေရေးစာချုပ်ကို သဘောတူရင် ဗင်နီဇွဲလားအပေါ် အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးမယ်လို့ အမေရိကန် ကမ်းလှမ်း

ဗင်နီဇွဲလားနိုင်ငံခေါင်းဆောင်တွေက အာဏာခွဲဝေရေးစာချုပ်ကို သဘောတူညီမယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်လို့ အမေရိကန်နိုင်ငံက ကမ်းလှမ်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ကမ်းလှမ်းခဲ့တဲ့ အစီအစဉ်အရ ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ဝဲဝါဒသမ္မတ မာဒူရိုဟာ ရာထူးကနေ ဖယ်ရှားပေးရမှာဖြစ်ပြီး ရွေးကောက်ပွဲသစ်တွေ မကျင်းပခင်စပ်ကြား အသွင်ကူးပြောင်းရေးကောင်စီက ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်ရမှာပါ။
မာဒူရိုကို ရာထူးကနေ နုတ်ထွက်အောင် ဖိအားပေးတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံအပေါ် အခုနောက်ဆုံး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မာဒူရိုကတော့ သူ့ကို ရာထူးက နုတ်ထွက်စေမယ့် ကြိုးပမ်းမှုတွေကို တွန်းလှန်နေဆဲပါပဲ။ မာဒူရိုကို ဗင်နီဇွဲလားစစ်တပ်နဲ့ ရုရှား၊ တရုတ်၊ ကျူးဘားနိုင်ငံတွေက ထောက်ခံပေးထားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း အမေရိကန်နိုင်ငံက မာဒူရိုနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ ထိပ်တန်းအရာရှိတွေကို မူးယစ်အကြမ်းဖက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး မာဒူရိုကို ဖမ်းပေးနိုင်အောင် သတင်းပေးနိုင်သူကို ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေ နှစ်နဲ့ချီ ရင်ဆိုင်ခဲ့ရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ငွေကြေးဖောင်းပွမှုနှုန်း အဆ ၈၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသား ၄.၈ သန်းက နိုင်ငံထဲကနေ ထွက်ပြေးခဲ့ပါတယ်။ အဲဒီလိုအနေအထားမှာ ရေနံတန်ဖိုးကျဆင်းပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက အခြေအနေ ပိုဆိုးစေပါတယ်။

credit

Post a Comment

0 Comments