ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်မယ့်နည်းလမ်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မြောက်ကိုရီးယား


မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ နိုင်ငံတွင်းက ပြည်သူတွေကို ရောဂါ မကူးစက်အောင် လက်တွေနဲ့ အိမ်တွေ၊ ရုံးတွေရဲ့ မျက်နှာစာတွေကို ဆားငန်ရေနဲ့ ဆေးကြောသန့်စင်ဖို့ ပြောဆိုတိုက်တွန်းလျက် ရှိနေတယ်လို့ Daily NK က ကြားသိရပါတယ်။ဖေဖော်ဝါရီ နှောင်းပိုင်းက ကိုရီးယား အလုပ်သမားပါတီ ပေါလစ်ဗျူရိုရဲ့ အစည်းအဝေးမှာ ခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ မှာကြားချက်အရ အထူးရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ ပြည်သူတွေအတွက် လိုအပ်ချက်တွေကို တာဝန်ရှိသူတွေက အလေးအနက် ပြောဆိုညွှန်ကြားလျက် ရှိနေချိန်မှာ ခုလို ဆားငန်ရေ သုံးကြဖို့ကို အလေးပေး ပြောဆိုလာတာ ဖြစ်ပါတယ်။
အဲဒီ အစည်းအဝေးမှာ ကင်ဂျုံးအွန်က အရေးပေါ်ဗိုင်းရပ်စ်ပျံ့နှံ့မှု တွန်လှန်ရေး လုပ်ငန်းစဉ်တွေအတွက် ဗဟိုရုံးချုပ်ရဲ့ ကွပ်ကဲထိန်းချုပ်မှုကို အကြွင်းမဲ့ နာခံဖို့ အလေးအနက်ထား ပြောခဲ့ပါတယ်။ ဒါအပြင် ဗိုင်းရပ်စ် ဝင်ရောက်ဖို့ လွယ်ကူတဲ့ လမ်းကြောင်းတွေနဲ့ နေရာတွေ အားလုံးကို ချိတ်ပိတ်ပြီး တင်းကြပ်တဲ့ စစ်ဆေးစမ်းသပ်မှုနဲ့ ရောဂါခြေချုပ် ထားရှိမှုတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ကြဖို့ ကင်ဂျုံးအွန်က အမိန့်ပေးခဲ့ပါတယ်။
ဒီ အစည်းအဝေးအပြီးမှာ ရောဂါထိန်းချုပ်ရေး တာဝန်ရှိသူတွေဟာ အလုပ်ဌာနတွေမှာ ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ တောင်ဟမ်ဂျောင်းပြည်နယ်က Daily NK သတင်းရင်းမြစ်က သတင်းပေးပို့ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် လာမယ့်လဟာ အလွန်အရေးကြီးတယ်လို့ သူတို့က ကျုပ်တို့ကို ပြောတယ်။”လို့ သတင်းရင်းမြစ်တစ်ရပ်က Daily NK ကို ပြောပါတယ်။တောင်ဟမ်ဂျောင်းပြည်နယ် တန်ချွန်မြို့က မြောက်ကိုရီးယား ရောဂါထိန်းချုပ်ရေး တာဝန်ရှိသူတွေက ပြည်သူတွေကို မတ်လအပြီး ပူနွေးရာသီ ရောက်တဲ့အချိန်မှာ ဗိုင်းရပ်စ်ပျံ့နှံ့စွမ်း မရှိတော့မှာ ဖြစ်တယ်ဆိုပြီး ပြောဆိုလျက် ရှိတယ်လို့လည်း သိရပါတယ်။
Rf; Daily NK

Post a Comment

0 Comments