သနေ္ဓတားဆေး သုံးကြပါ။

ဆရာဝန်ဘဝကြုံတွေ့ရတဲ့ အတွေ့အကြုံများအရ လူနာအမျိုးအစား နှစ်မျိုးနှစ်စားရှိတာကို ခွဲခြားသိလာပါတယ်။ ပထမအမျိုးအစားကတော့ ရောဂါလက္ခဏာတစ်ခုခုရှိ၍ လာပြတဲ့လူနာအုပ်စု၊ နောက်အမျိုးအစားကတော့ တိုးတိုးတိတ်တိတ် အကြောင်းအရာများကို ဆွေးနွေးချင်တဲ့အုပ်စုဆိုပြီး ရှိပါတယ်။ ပထမအမျိုးအစား လူနာမ်ား ရောက်လာပါက ၄င်းတို့တွင် ရောဂါလက္ခဏာတစ်ခုရှိ၍ လက္ခဏာပေါ်မူတည်၍ လိုအပ်တယ့် ကုသခြင်း၊ ရောဂါရှာဖွေခြင်း များပြုလုပ်၍ ရပါတယ်။ ဒုတိယအမျိုးအစားမှာတော့ အထက်ပါကုသခြင်းများအပြင် လူနာ၏ လူမှုရေးပြဿနာများကိုပါ စဉ်းစားနားထောင်ရသည်များ ရှိလေ့ရှိပါတယ်။ ဒုတိယအမျိုးအစားများအနက် အများဆုံး လာရောက်ဆွေးနွေးကြသည်မှာ လူငယ္ဘဝ သမီးရည်းစားကိစ္စ၊ ကိုယ်ဝန်ကိစ္စ၊ သနေ္ဓတားဆေးကိစ္စများ ဖြစ်လေ့ရှိပါတယ်။ ထိုပြဿနာများ လာရောက်ဆွေးနွေးသည့်အခါ အချိန်လွန်မှ ရောက်ရှိလာသည်ကို အများဆုံး ကြုံတွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရှိနေပြီးမှ ရောက်လာတတ်ပါတယ်။

ဒါဘယ်လိုကြောင့်ဖြစ်တာလဲ။ ကိုယ်ဝန်တားလို့ရတာကို မသိလို့လား။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဥပေဒအရ ကိုယ်ဝန်ရပြီးလျှင် ဖျက်လို့မရပါ။ ကိုယ်ဝန်ဖျက်ချပါက ရာဇဝတ်မှု မြောက်ပါတယ်။ ကိုယ်ဝန်ဖျက်ခြင်းကို ဖမ်းမိပါကလည်း ကိုယ်ဝန်ဖျက်ရန် တိုက်တွန်းသူ၊ ဖျက်ချပေးသူ၊ ဖျက်ချမှု ခံယူသူအားလုံး ထောင်ဒဏ်အသီးသီးကျပါတယ်။ ဒါကြောင့်အများစုက ကိုယ်ဝန်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် နည်းလမ်းတွေ အသုံးပြုပြီး ဖျက်ချဖို့ ကြိုးစားကြပြန်တယ်။ အခုလို ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ နည်းစနစ်မှန်မှန်ဖျက်ချခြင်း မဟုတ်ခြင်းကြောင့် သော်လည်းကောင်း၊ ပြုလုပ်ပေးသူ၏ မကျွမ်းကျင်မှု ကြောင့်သော်လည်းကောင်း၊ အသုံးပြုသည့်ပစ္စည်းများ မသန့်ရှင်းသောကြောင့် သော်လည်းကောင်း၊ သားအိမ်ပိုးဝင်၍ ရောင်ခြင်း၊ သွေးထွက်လွန်ခြင်း၊ သားအိမ်ဒဏ်ရာရသွားခြင်း၊ သနေ္ဓသားလောင်း သားအိမ်ထဲတွင် ကျန်နေခြင်း၊ ကိုယ်ဝန်နောက်ထပ် မရနိုင်ခြင်း စသည့်နောက်ဆက်တွဲ ပြဿနာများအပြင် အဆိုးဆုံးအနေဖြင့် အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော ဖြစ်ရပ်များသည် အမှန်တကယ် ဖြစ်ပျက်နေသော ကိစ္စများဖြစ်သည့်အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမှားတစ်ခုကြောင့် လူဘဝကို စွန့်ခွာသွားရသည်မှာ မဖြစ်သင့်ပါ။ မိဘများအတွက်၊ နိုင်ငံအတွက် အဖိုးတန်သည့် လူငယ်လူရွယ်များ ဆုံးရှုံးရခြင်းဖြစ်၍ အလွန်နစ်နာစရာကောင်းလှပါတယ်။

ကိုယ်ဝန်ကလည်း ဖျက်ချလို့မရ။ လူငယ္ဘဝ ဓမ္မတာကြောင့် ဟောမုန်းထကြွသောင်းကြမ်း၍ မှားမိသည်ကို အပြစ်ပြော၍မရ။ ဒါဆိုဘယ်လိုလုပ်ကြမလဲ ဆိုပြီး ဆရာလည်းစဉ်းစားတယ်......
စဉ်းစားနေရင်းနဲ့ပဲ အဖြေရလာပါတယ်။ မီးဘေးရှောင် မလောင်ခင်တား ဆိုတယ့် ဆိုရိုးအတိုင်းပဲ မဖြစ်ခင် တားဆီးခြင်းက အကောင်းဆုံးဆိုတာ စဉ်းစားမိတယ်။ ကလေးတွေကို ကိုယ်ဝန်မရအောင်တားလို့ ရတယ္ဆိုတဲ့ အသိရအောင်လုပ်ပေးမယ်ဆိုပြီး ဒီဆောင်းပါးကိုရေးဖြစ်ခဲ့တယ်။
ကဲ.... စာဖတ်သူတို့ရေ....

        ကိုယ်ဝန်ဆိုတာ ယောကျာ်းလေးနဲ့ မိန်းကလေး အတူတူနေတဲ့အခါ ယောကျာ်းလေးဆီက သုတ်ပိုးတွေက မိန်းကလေးရဲ့ မမျိုးဥနဲ့ထိတွေ့မှ ဖြစ်တည်လာတာပါ။ ဒါဆို စဉ်းစားကြည့်ရအောင်။ ယောကျာ်းတွေရဲ့ သုတ္ပိုးကို မမျိုးဥနဲ့ မတွေ့အောင် တားဆီးနိုင်လျှင်ဖြစ်စေ ဒါမှမဟုတ် အမျိုးသမီးရဲ့မျိုးဥ မကြွေအောင် ပြုလုပ်နိုင်လျှင်ဖြစ်စေ ကိုယ်ဝန်ရမှာ မဟုတ်တော့ဘူး။ ဟုတ္တယ္မလား။ တားနည်းတွေ အများကြီးထဲကမှ နေ့စဉ်သုံး သနေ္ဓတားဆေးကဒ် (Combined Oral Contraceptive Pill) အကြောင်းကို ဆရာအရင်ပြောပြမယ်နော်

နေ့စဉ်သုံး သနေ္ဓတားဆေးကဒ် (Combined Oral Contraceptive Pill) 
ဈေးချိုတယ်။ လူသုံးများတယ်။ တစ်နေ့တစ်လုံးမှန်မှန်သောက်ဖို့လိုတယ်။ မေ့တော့မမေ့နဲ့နော်။ မေ့ရင်ကလေးရသွား နိုင်ပါတယ်။ ဒီတားဆေးကတ်တွေက နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံနဲ့ အလွယ်တကူ့ရနိုင်တယ်။ ဆေးကတ်အများစုမှာ ဆေးလုံး၂၈ လုံး ပါတယ်။ ပထမ ၂၁ လုံးက ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေးလုံးလေးတွေ ဖြစ်ပါတယ်။ ကျန်တဲ့အရောင်မတူတဲ့ ဆေးလုံးအညိုလေး ၇ လုံးကတော့ ဗီတာမင်နဲ့ သံဓါတ်ပါတဲ့ အားဆေးလုံးတွေ ဖြစ်ပါတယ်။ ဆေးလုံးလေးတွေကို တစ်နေ့တစ်လုံး မှန်မှန်သောက်၊ စုစုပေါင်း ၂၈ လုံး သောက်ပြီး နောက်ထပ် ဆေးတစ်ကတ် ဆက်သောက်ပါ၊

ကောင်းတဲ့အချက်တွေကတော့ အများကြီးရှိပါတယ်။ တားဆေးကိုရပ်လိုက်ပြီး မကြာခင်ကာလအတွင်းမှာ ပုံမှန်အတိုင်း သားဥပြန်ကြွေလာပြီး ကေလးအလြယ္တကူ ပြန်ရနိုင်တယ်။ ဒီဆေးကို မှန်မှန်သောက်နေရင် ၂၈ ရက်တစ်ခါ ရာသီမှန်မှန် လာလိမ့်မယ်။ ရာသီသွေးဆင်းတဲ့ ရက်နဲ ့သွေးပမာဏကလည်း နည်းသွားမယ်။ ဓမ္မတာလာရင် နာကျင်ကိုက်ခဲတတ်တာတွေလည်း သိသိသာသာ ပျောက်ကင်းသွားမယ်။ စသောက်ခါစမှာတော့ တစ်ချို့အမျိုးသမီး တွေမှာ ပျို့အန်ချင်သလိုဖြစ်တာ၊ ခေါင်းနည်းနည်းကိုက်တာ၊ ရင်သားတွေ နာကျင်တာ၊ ရာသီတစ်စက်တစ်စက် ဆင်းတာ တစ်ခါတလေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းတတ်တာ၊ ကိုယ်အလေးချိန် နည်းနည်းတိုးတာ လျော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ လအနည်းငယ်အတွင်းမှာပဲ သူ့အလိုလို ခံနိုင်ရည်ရှိလာပြီး တဖြည်းဖြည်း ပျောက်သွားမှာပါ။

သတိပြုရမှာကတော့
နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ သွေးကြောပိတ်၊ ဦးနှောက်သွေးကြောပိတ်ဆို့တဲ့ လူတွေဆိုရင် ဟော်မုန်းနှစ်မျိုးပါတဲ့ ဆေးမသောက်ရပါဘူး။ သွေးတိုး၊ ဆီးချို ရောဂါရှိသူတွေ၊ ဝဖြိုးလွန်းသူ၊ ဆေးလိပ်အရမ်း သောက်သူတွေနဲ့ မသင့်တော်ပါဘူး။

အနှစ်ချုပ်အနေဖြင့် ဆရာပြောချင်တာက မည်သည့်အချိန်တွင်မဆို အတူတူနေမည့် အချိန်ရောက်တိုင်း ကိုယ်ဝန်ရနိုင်တယ်ဆိုတာကို စဉ်းစားပါ။ ဆရာပြောပြထားတယ့် ကာကွယ်နည်းတစ်ခုခုသုံးပါ။  တစ်ခါလေးပါဆိုပြီး မသုံးပဲမနေပါနဲ့။ တစ်ခါတည်းနဲ့ ဒုက္ခရောက်သွားသူတွေ အများကြီးပါ။  ဒီဆောင်းပါးဖတ်ပြီး အသိပညာတွေရ၍ အတူတူနေမည်ဟုကြံတိုင်း သနေ္ဓတားဆေးသုံးကြမယ်ဆိုလျှင် ဒီဆောင်းပါးကို ဆရာရေးရကျိုးနပ်ပါတယ်။........ 

Credit

Post a Comment

0 Comments