အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားသတ္တဝါလို့ယူဆရတဲ့ ပုံရိပ်တွေ့ရှိ

အင်္ဂါဂြိုဟ်ကို လေ့လာနေတဲ့ ယာဉ်ကနေ ရိုက်ကူးထားတဲ့ ဒီပုံရိပ်ဟာ ဂြိုဟ်နီကြီးပေါ်မှာ သက်ရှိတွေတစ်ကယ်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် ဓာတ်ပုံကို မထင်မှတ်ဘဲ့တွေရှိခဲ့ပါတယ်။တွားသွားသတ္တဝါတစ်ကောင်နဲ့ ဆင်တူတဲ့ သဏ္ဍာန်တစ်ခုကို ဂြိုဟ်တုမှာ ရိုက်ကူးရရှိခဲ့တာဖြစ်ပြီး ဂြိုဟ်သားတွေကို လေ့လာသူတစ်ယောက်ကတော့ ဒါဟာ ခေါင်းမှာ ဂျိုနှစ်ခုပါရှိပြီး ကျောမှာ အခွံတစ်ခု ဖုံးအုပ်ထားတဲ့ လိပ်ပုံစံ ဂြိုဟ်ကောင်တစ်ကောင်ဖြစ်တယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

Alien Art TV က Joe White ကတော့ “ဒါဟာ ခေါင်းမှာ ဂျိုနှစ်ခုပါဝင်ပြီး တွားသွားကောင်တစ်မျိုးဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အရွယ်အစားကိုတော့ ပြောပြဖို့ခက်တယ်” ပြောကြားခဲ့ပါတယ်။ပုံစံကတော့ လိပ်ကို ဂျိုပေါက်နေတဲ့ ပုံစံနဲ့ ဆင်ဆင်တူပြီး ခြေထောက်တွေလည်းရှိပြီး ကျောမှာလည်း အခွံမာတစ်ခု ဖုံးအုပ်ထားတဲ့ ပုံစံမျိုးပါပဲ။ ဒါကိုတော့ တစ်ချို့သောလူတွေက ကျောက်တုံးတစ်တုံးသာဖြစ်တယ်လို့ ပြောနေကြပေမယ့် Joe White ကတော့ “ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ မားစ်ပေါ်မှာ အဆောက်အုံပုံစံမျိုးတွေ ၊ အရိုးတွေတွေ့ရတာနဲ့ ပတ်သက်ပြီး ဒါဟာ သက်ရှိတစ်ကောင်ဖြစ်နိုင်ချေရှိပါတယ်” လို့ ပြောပါတယ်။

အင်္ဂါဂြိုဟ်ပေါ်မှာဂြိုဟ်သားတွေ၊ဂြိုဟ်ကောင်တွေအမှန်တကယ်ရှိလားဆိုတာ မေးခွန်းထုတ်စရာဖြစ် လာပါပြီ။ ဒီလိုမျိုး မားစ်ပေါ်မှာ သက်ရှိတွေတွေ့တယ်လို့ ပြောနေကြတာဟာ ကြာမြင့်နေပြီဖြစ်ပြီး ယုံကြည်တဲ့သူတွေနဲ့ မယုံကြည်တဲ့သူတွေကတော့ အမြဲ အငြင်းပွားလျက်ရှိနေကြပါတယ်

#credit

Post a Comment

0 Comments