ဝေဘာဂီဆေးရုံရှိ လူနာအမှတ် ၁၅ တွင် COVID-19 ရောဂါပိုးမတွေ့ရှိတော့

ဝေဘာဂီဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့  COVID-19 လူနာနံပါတ် ၁၅ မှာ ဓာတ်ခွဲစမ်းသပ်ချက်အရ ရောဂါပိုးမတွေ့ရှိတော့ဘူးလို့ ကျန်းမာရေးဌာနရဲ့ ပြောခွင့်ရသူအဖြစ် တာဝန်ယူခဲ့ဖူးသူ ဒေါက်တာဒေါ်ခင်ခင်ကြီးက သူရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာ မျက်နှာမှာရေးသားထားပါတယ်။
လူနာ နံပါတ် ၁၅ ရဲ့သွေးထဲမှာလည်း COVID- 19 ရောဂါပိုးကို ခုခံနိုင်တဲ့ ပဋိပစ္စည်း Antibody G ထွက်ရှိနေတယ်လို့လည်း ရေးသားထားပါတယ်။
လူနာနံပါတ် ၁၅ ဟာ ရန်ကုန်က  ပုဂ္ဂလိက ဆေးကုခန်း SOS က ကျန်းမာရေး ဝန်ထမ်းတဦးဖြစ်ပြီး သူရဲ့ ခင်ပွန်းဖြစ်တဲ့ ပေါင်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးကတော့  ပြည်မြို့ဆေးရုံကြီးမှာ COVID-19 ကြောင့် ကွန်လွန်ခဲ့ရပါတယ်။
Credit

Post a Comment

0 Comments