လိင်တံထောင်မတ်ခြင်းကို လွှမ်းမိုးနေတဲ့အချက် (၁၀) ချက်

hellosayarwon.com မွ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လိင်တံထောင်မတ်မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။

ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမွာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hello sayarwon ကျန်းမာရေး ခ်စ္သူ စာဖတ်ပရိတ်သတ်တွေအတွက် လိင်တံထောင်မတ်မှုကို သက်ရောက်စေနိုင်တဲ့ အချက် ၁၀ ချက်ကိုဖော်ပြလိုက်ပါတယ်။

၁။ အာဟာရနဲ့ စားသောက်မှုပုံစံ 

antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို အသီးအနှံစားသုံးအခါမှာလည်း အရောင်ပိုရင့်လေ ပိုပြီး
antioxidant ကြွယ်ဝလေပါပဲ။ လေ့လာချက်တစ်ခု အရေတာ့ ဘလက်ဘယ်ရီသီးကို နေ့စဉ်စားသုံးတဲ့ အမျိုးသားတွေဟာ မစားသုံးတဲ့ အမျိုးသားတွေထက် ပိုပြီး ထောင်မတ်မှု အားကောင်းကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ငါးကို ပိုများများစားစားသင့်ပြီး
အမဲသားနဲ့ နို့ထွက်ပစ္စည်းတွေကထွက်တဲ့ တိရစာၦန် အဆီတွေကို လျှော့စားသင့်ပါတယ်။ အစားအေသာက္စားတဲ့ အခါမှာလည်း ပုံမှန် နေ့စဉ်စားသုံးသင့်ပါတယ်။

၂။ ခန္ဓာကိုယ် အလေးချိန်

ကိုယ်အလေးချိန်များနေတယ်ဆိုတာ လိင်ကိစ္စမှ မဟုတ်ဘဲ တစ်ခြားသော ကျန်းမာရေးတွေ အတွက်လည်း မကောင်းပါဘူး။ နှလုံးပေါ်မှာ ဖိထားတဲ့ ကိုယ်အလေးချိန်ကြောင့် သွေးဖိအား ပိုများစေနိုင်ပြီး ဟော်မုန်းတွေကိုထိခိုက်စေနိုင်တဲ့အပြင် ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။ ဒါတွေအားလုံးက လိင်တံထောင်မတ်မှုကို ချို့ယွင်းစေနိုင်ပါတယ်။

၃။ လေ့ကျင့်ခန်း

လေ့လာချက် အမ်ားအျပားအရ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိခြင်းဟာ အသက်ကြီးလာတဲ့ အရွယ်မှာ တောင် လိင်တံထောင်မတ်မှုကို ထိန်းထားစေနိုင်ပြီး ပုံမှန် အလုပ်လုပ်စေနိုင်တယ်လို့ ဆိုထားကြပါတယ်။ ကိုယ်လက်လှုပ်ရှားရမယ်ဆိုပြီး နေ့တိုင်း Gym မွာ နာရီပေါင်းများစွာ အချိန်ပေးစရာ မလိုပါဘူး။ အပတ်တိုင်း လမ်းခပ်သွက်သွက် လျှောက်ပေးရင်တောင် သင့်ရဲ့ လိင်မှုကိစ္စဆိုင်ရာမှာ ပြောင်းလဲမှု အမ်ားအျပား ဖြစ်သွားစေနိုင်ပါတယ်။ couch potato ဘဝနေထိုင်မှုပုံစံဆိုတဲ့ အထိုင်များတဲ့ပုံစံနဲ့ပဲ နေထိုင်မယ်ဆိုရင် အသက်ကြီးလာတဲ့ အခါလိင်တံထောင်မတ်မှု ပြဿနာ erectile dysfunction (ED) ဖြစ်စေနိုင်ပါတယ်။

၄။ အရက်ယမကာ

အလွန်အကျွံ အရက်သောက်ခြင်းဟာ သင့်ရဲ့ အသည်း၊ ဦးနှောက်နဲ့ တက်စတိုစတီရုန်း ဟော်မုန်းရဲ့ ရင်းမြစ်ဖြစ်တဲ့ ဝှေးစေ့ကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။ သင့်အနေနဲ့ အရက်သောက်ပြီးတာနဲ့ ချက်ခြင်း လိင်တံချို့ယွင်းမှု ပြဿနာကိုတွေ့ရမှာ မဟုတ်ပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းဟာ လိင်တံထောင်မတ်မှု ပြဿနာ ED ဖြစ်ပွားနိုင်ချေ မြင့်မားစေပါတယ်။

၅။ ဆေးခြောက် (Marijuana) 

ဆေးခြောက်ကို လူတော်တော်များများက အန္တရာယ်မရှိဘူးလို့ လက်ခံထားပြီး အမေရိကန်ပြည်နယ် အချို့မှာ တရားဝင် ခွင့်ပြုထားပေမဲ့ ဆေးခြောက်ပုံမှန် သုံးစွဲခြင်းက တက်စတိုစတီရုန်း ပမာဏကို နည်းပါးစေနိုင်ပြီး ထောင်မတ်မှု ပြဿနာနဲ့ တစ်ခြားသော ရောဂါများကို ဖြစ်စေနိုင်ပါတယ်။

၆။ အသုံးပြုမှုမရှိ၍ ခန္ဓာကိုယ်သိမ်သွားခြင်း

ခန္ဓာကိုယ်အင်္ဂါတွေ ပုံမှန် အလုပ်လုပ်နေဖို့ ကျွန်တော်တို့ ပုံမှန်သုံးပေးနေဖို့လိုပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ လိင်တံကိုလည်း သွေးပုံမှန် စီးနေဖို့နဲ့ နာဗ်ကြောများ ပုံမှန် ဖြစ်နေစေဖို့ အတွက် တစ္ပတ္ကို အကြိမ်အနည်းငယ်လောက် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုရှိနေဖို့လိုပါတယ်။

၇။ သွေးဖိအားများခြင်းနဲ့ ဆေးဝါးများ

သွေးဖိအားများခြင်းဟာ လိင်တံထောင်မတ်ဖို့အတွက် လိုအပ်တဲ့ သွေးကြောများကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားများခြင်းကို ကုသဖို့အတွက် သောက်ရတဲ့ ဆေးဝါးတွေကလည်း လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ တစ်ချို့သော ဆေးဝါးတွေကလည်း လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် သွေးပေါင်ကျဆေး သောက်သုံးမယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

၈။ စိတ်ဖိစီးမှုနဲ့ ဆေးဝါးများ

စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးမှုကို ကုသရာမွာ အသုံးပြုရတဲ့ ဆေးဝါးများဟာ လိင်တံထောင်မတ်မှုကို သတ်ပစ်နိုင်တဲ့အရာ များဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီလို ဆေးဝါးတွေသောက်သုံးနေရပြီး
လိင်တံထောင်မတ်မှု ပြဿနာလည်းရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကာ လိင်တံထောင်မတ်မှုပြဿနာ မဖြစ်စေနိုင်တဲ့ ဆေးဝါးများကိုသောက်သုံးသင့်ပါတယ်။

၉။ အိပ်နေစဉ်အသက်ရူရခက်ခြင်း

အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး ပြဿနာရှိနေတဲ့ အမျိုးသားတွေဟာ ပိုပြီး ထောင်မတ်မှု ပြဿနာ ဖြစ်ပွားလွယ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ညဘက်အိပ်မပျော်ဘူးဆိုရင် အိပ်ရေးဝအောင် ဘယ်လိုအိပ်စက်ရမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

၁၀။ သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာ

ကျန်းမာပြီး ကောင်းကောင်း အလုပ်လုပ်နေတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောများဟာ လိင်တံထောင်မတ်ခြင်းအတွက် လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိုလက္စထေရာ ပမာဏ မြင့်တက်ခြင်း၊ သွေးဖိအား များပြားခြင်း၊ အာရုံကြောစနစ် ချို့ယွင်းခြင်းနဲ့ ဆီးချိုရောဂါ တို့ဟာ လိင်တံထောင်မတ်ဖို့ အတွက် အရေးကြီးတဲ့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်ပါတယ်။

သင့်အနေနဲ့ အခုအချိန် လိင်တံထောင်မတ်မှုနဲ့ ပတ်သတ်ပြီး ပြဿနာ ကြုံနေရတယ်ဆိုရင် ဖြစ်ပွားရခြင်း အကြောင်းရင်းကို သိဖို့ အတွက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံထောင်မတ်မှု ပြဿနာတွေဟာ တစ်ခါတစ်ရံမှာ ပိုပြီး ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်နေကြောင်း ညွှန်ပြနေတာ ဖြစ်ပါတယ်။ တစ်ခြားသော ခန္ဓာကိုယ်ဆိုင်ရာ ကျန်းမာရေးလိုပဲ လိင်တံ အမြဲတမ်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ အခုချိန်တည်းက လိင်တံပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံထားမှရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးကောင်းနေရင်
သင့်ရဲ့ နှလုံး၊ ဦးနှောက်၊ တစ်ခြားသောကျနး်မာရေးတွေအပြင် လိင်တံထောင်မတ်မှု အတွက်လည်း ကောင်းမွန်လို့ပါ။

Credit

Post a Comment

0 Comments