အမေရိကန်မှာ နှာခေါင်းစည်းတပ်ဖို့ အစိုးရ အကြံပြု

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု တားဆီးရေး ဝိုင်းဝန်းကြိုးပမ်းတဲ့အနေနဲ့ အဝတ်နှာခေါင်းစည်းတွေ တပ်ကြဖို့ အမေရိကန်အစိုးရက အကြံပြုကြောင်း သမ္မတ Donald Trump က သောကြာနေ့ကပဲ ပြောသွားပါတယ်။ ကိုရိုနာပိုး ကူးစက်မှုဟာ အမေရိကန်ပြည်ထောင်စုမှာ အများဆုံးဖြစ်ပြီး ကူးစက်သူပေါင်း ၂ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၇၀၀၀ နား ရောက်လာပြီဖြစ်ပါတယ်။ အပြင်မထွက်ဖို့ ကန့်သတ်ချက်အပေါ် ကန် ရောက် မြန်မာတွေ အမြင် ဖတ်ရှုနိုင်ပါတယ်။ အခုလို အစိုးရရဲ့ အကြံပြုချက်ဟာ မဖြစ်မနေ လိုက်နာရမယ်လို့တော့ မဟုတ်ပါဘူး၊ သူကတော့ နှာခေါင်းစည်းတပ်မှာ မဟုတ်ဘူးလို့လည်း သမ္မတ Trump က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုထိန်းချုပ်ရေးမှာ လိုအပ်တဲ့ N-95 နှာခေါင်းစည်းနဲ့ တခြား အကာအကွယ် ဝတ်ဆင်ရတဲ့ ဝတ်စုံပစ္စည်းတွေကို တခြားနိုင်ငံတွေကို ပို့နေတာတွေ ရပ်ဖို့ အမိန့်ကိုလည်း သမ္မတ Trump သောကြာနေ့ကပဲ လက်မှတ်ရေးထိုးခဲ့တာပါ။ COVID-19 ကာကွယ်ရေး ကမ္ဘာတဝန်း ပိတ်ပင်ကန့်သတ်ချက်တွေ တိုးမြှင့်ချမှတ် သတင်း ဖတ်ရှုနိုင်ပါတယ်။ ဒီလို နှာခေါင်းစည်းနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လှောင်ထားပြီး ဈေးကစား၊ နိုင်ငံခြားကို တင်ပို့တဲ့ မှောင်ခိုဈေးကွက်ကို တားဆီးဖို့ အခုလိုလုပ်တာဖြစ်တယ်လို့ ကုန်သွယ်ရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Peter Navarro က Fox သတင်းဌာနကို ပြောပါတယ်။ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) ရဲ့ အကြံပြုချက်အရဆိုရင် ဒီလို ကျန်းမာရေးဝန်ထမ်းတွေသုံးတဲ့ N-95နှာခေါင်းအကာတွေဟာ သာမန်လူထုအတွက် မလိုအပ်ပါဘူး၊ ရိုးရိုး အိမ်လုပ် ပိတ်စနှာခေါင်းစည်းတွေနဲ့ဆို ရပါပြီလို့ CDC ကို ကိုးကားပြီး သမ္မတ Trump က ပြောပါတယ်။
Credit

Post a Comment

0 Comments