ပူတင်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည့်ဆရာဝန် ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတာကြောင့် ရုရှားမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေ

ရုရှရဲ့ ထိပ်တန်းကိုရိုနာဗိုင်းရပ်စ်ဆရာဝန်ဟာ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံလက်ဆွဲနှုတ်ဆက်ပြီး ရက်သတ္တတစ်ပတ်အကြာမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒင်းနစ် ပရော့ဆင်ကို(၄၄နှစ်)ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရုရှသမ္မတသွားရောက်ခဲ့တဲ့ မော်စကိုက Kommunarka ကူးစက်ရောဂါဆေးရုံရဲ့ အကြီးအကဲပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ အကာအကွယ်ဝတ်စုံတွေမပါဘဲ နီးနီးကပ်ကပ် လက်ဆွဲနှုတ်ဆက်နေတာကို တွေ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကို ကြီးမှူးနေတဲ့ အသက်၅၄နှစ်အရွယ် ဒုဝန်ကြီးချုပ် တာတီရာတနတာ ဂိုလီကိုဗာပါဝင်တဲ့ အခြားထိပ်တန်းအရာရှိတွေနဲ့အတူ ပရော့ဆင်ကိုရဲ့ ရုံးမှာ အစည်းအဝေးတစ်ခု တက်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
မစ္စတာ ပရော့ဆင်ကို ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိလိုက်လို့ သူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ရုရှခေါင်းဆောင်ရဲ့ ကျန်းမာရေးဟာ စိုးရိမ္စရာ ဖြစ်လာခဲ့ပါတယ်။ မစ္စတာ ပရော့ဆင်ကိုရဲ့ ရောဂါလက္ခဏာတွေကို လူသိရှင်ကြားကြေညာလိုက်ပြီး ကရင်မလင်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ ပူူတင်ကို ဗိုင်းရပ်စ်ရှိမရှိ ပုံမှန်ဆေးစစ်နေပြီး ရုရှနိုင်ငံသားတွေကိုလည်း အစအစအရာရာ ကောင်းမွန်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
မကြာသေးမီရက်များကတော့ ရုရှခေါင်းဆောင်ရဲ့ ကျန်းမာရေးဟာ မရေရာတဲ့သဘောဖြစ်သွားလို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။
ပူတင်ဟာ ဆေးရုံရဲ့ ကိုရိုနာဗိုင်းရပ်စ်အဆောင်တွေကို လှည့်ပတ်ကြည့်ရှုတုန်းကတော့ အကာအကွယ်ဝတ်စုံနဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ထားပေမယ့်လည်း ဆေးရုံရဲ့ တခြားအစိတ်အပိုင်းတွေမှာတော့ အကာအကွယ်တွေကို ချွတ်ထားတယ်လို့ ဆိုပါတယ်။
Credit

Post a Comment

0 Comments