
အိမ်ထောင်ရှင်မမတွေရော၊ အိမ်ထောင်ရှင်မလောင်းတွေရော မှတ်သားလိုက်နာသင့်သော အချက်မ်ား ..

၁။ မိမိခင်ပွန်းကို ဘယ်တော့မှ မဟောက်ပါနဲ့၊ မအော်ပါနဲ့။ သူ့ကို    မရိုသေခြင်း လက္ခဏာပါ။

၂။ မိမိခင်ပွန်းရဲ့ အားနည်းချက်တွေကို မိသားစုဝင်၊ သူငယ်ချင်းတွေကို မပြောပြပါနဲ့။ လင်မယားဆိုတာ တစ်ဦးအကြောင်းတစ်ဦး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

၃။ အမူအရာ၊ အစောင်းအမြောင်းတွေနဲ့ မိမိခင်ပွန်းကို မဆက်ဆံပါနဲ့။ (သူ ဘယ္လိုအထာ ကောက်သွားမလဲဆိုတာမသိနိုင်ဘူး)
အမြဲတမ်းပြန်ခံပြောတတ်တဲ့ အမျိုးသမီးတွေဟာပျော်ရွှင်တဲ့အိမ်ထောင်ကို မပိုင်ဆိုင်ရကြဘူး။

၄။ မိမိခင်ပွန်းကို တစ်ခြားယောကျၤားတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ (သူတို့ရဲ့ဘဝ အခြေအနေအားလုံးကိုကိုယ်က မသိနိုင်ပါဘူး။) ခင်ပွန်းသည်ရဲ့ မာန၊ ဂုဏ်သိက္ခာကို စော်ကားမိရင် ကိုယ့်အပေါ် သူထားတဲ့ ချစ်ခြင်းမေတ္တာလည်းလျေ့ာနည်းသွားပါလိမ့်မယ်။

၅။ ခင်ပွန်းရဲ့ သူငယ်ချင်းတွေကို မကြိုက်လို့ ဆိုတိုင်းမလေးမစား မဆက်ဆံပါနဲ့။ သူတို့တွေကိုရှောင်ဖယ်တတ်အောင် သင့်ခင်ပွန်းအားပြောပြထားပါ။

၆။ မိမိခင်ပွန်းက လက္ထပ္ထားသူဟာ သင့် ကိုပါ။ (အိမ်အကူကို မဟုတ်ဘူး။တစ်ခြားသူ ကိုမဟုတ္ဘူး) အိမ်ရှင်မတာဝန်တွေကို မိမိကိုယ်တိုင်ဆောင်ရွက်ပါ။

၇။ သင့်ခင်ပွန်းသည်ကို ဂရုစိုက်ရမဲ့ တာဝန်အား တစ်ခြားသူကို မပေးပါနဲ့။ ကိုယ့်ခင်ပွန်းရဲ့ကိစ္စတိုင်းဟာ ဇနီးသည်ရဲ့တာဝန်ဖြစ်ပါတယ်။

၈။ ခင်ပွန်းသည်အိမ်ကို လက်ချည်းသက်သက်နဲ့ပြန်လာခဲ့ရင် အပြစ်မတင်ပါနဲ့။ အားပေးစကားပြောပေးပါ။

၉။ အသုံး၊ အဖြုန်း ကြီးတဲ့ဇနီး မဖြစ်ပါစေနဲ့။ ခင်ပွန်းသည်ရဲ့ ချေွးစက်တိုင်းဟာ အဖိုးတန်လို့ပါ။

၁၀။ ခင်ပွန်းရဲ့ သွေးသားဆန္ဒမဖြည့်ဆည်းပေးချင်လို့နေမကောင်းချင် ယောင်ဆောင်တာမျိုး မလုပ်ပါနဲ့။ သူ့အလိုလိုက်လျောပါ။
(တစ်ခြားတစ်ယောက် သင့်နေရာမယူပါစေနဲ့) ယောကျၤားတိုင်း သွေးသားဆာလောင်မှုကို ကြာကြာမခံစားနိုင်ကြပါဘူး။

၁၁။ ခင်ပွန်းသည်ကို သင့် ရည်းစားဟောင်း (သို့မဟုတ်) သင် တွဲခဲ့ဖူးသူတွေနဲ့ နှိုင်းယှဉ်တာ လုံးဝမလုပ်ပါနဲ့။ သင့်ရဲ့ အိမ်ထောင်ရေး အဖတ်ဆည်မရ ဖြစ်သွားပါလိမ့်မယ်။

၁၂။ အများရှေ့မှာ ခင်ပွန်းကိုယ်စား ဖြေကြားတာ မလုပ်ပါနဲ့။
သူကိုယ်တိုင် ဖြေရှင်းပါစေ။

၁၃။ ကလေးတွေရှေ့မှာ မိမိခင်ပွန်းကို အော်ဟစ်တာ၊ စိန်ခေါ်တာ မလုပ်ပါနဲ့။ ပညာရှိအမျိုးသမီးတွေဟာ ဘယ်တော့မှ အဲဒီလိုမလုပ်ကြ ပါဘူး။

၁၄။ ခင်ပွန်းသည်ရဲ့ ထက်မြက်မှုကို သူကိုယ်တိုင် မသိခင် သင် သိမြင်တတ်ပါစေ။

၁၅။ ကိုယ့်သူငယ်ချင်းတွေကို မိမိခင်ပွန်းနဲ့ အနီးကပ်မလွန်ပါစေနဲ့။

၁၆။ ရေချိုးခန်းနဲ့ မှန်တင်ခုံရှေ့မှာ မလောပါနဲ့။ (အချိန်ယူသင့်သလာက် ယူပြီး ပြင်ပြင်ဆင်ဆင်နေပါ) အပြင်မှာ လှလှပပဖြစ်ဖို့ အချိန်ပေးထား သူတွေ သင့်ခင်ပွန်းဘေးမှာ ဝိုင်းဝိုင်းလည်နေတယ်ဆိုတာ သိထားပါ။

၁၇။ သင့်မိဘ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သင့်ရဲ့ အိမ်ထောင်ရေးမှာ အဆုံးအဖြတ်မပေးနိင်ပါဘူး။ အချိန်ကုန်ခံ မေးမနေပါနဲ့။ မိမိကိုယ်တိုင်ပြတ်သားစွာ ဆုံးဖြတ်ပါ။

၁၈။ ချစ်ခြင်းမေတ္တာကိုငွေကြေးပေါ် အခြေခံမထားပါနဲ့။ မဟုတ်ရင် သင် သူ့ထက် ငွေပိုရှာနိုင်တဲ့ တနေ့ သူ့ကို အရင်လို သင် နာခံနိုင်ပါ့ ဦးမလား?

၁၉။ သင့်ခင်ပွန်းသည်ဟာ ဂရုစိုက်မှုနဲ့ နားထောင်ပေးမဲ့ သူ လိုအပ်တယ်။ သူ့ကိုအချိန်မပေးနိုင်လောက်အောင်အလုပ်မများမိပါစေနဲ့။ ကောင်းမွန်တဲ့ဆက်ဆံရေးဟာ အိမ်ထောင်ပျော်ရွှင်ဖို့ အဓိကကျပါတယ်။

၂၀။ ကိုယ့် အကြံအစည်က သူ့ထက်ပိုကောင်းခဲ့ရင်တောင်မှ သူနဲ့မယှဉ်ပါနဲ့။ သူနဲ့ကိုယ်က တစ်ဖွဲ့တည်းမို့ပါ။

၂၁။ သူ့အပေါ် အပြစ်တင် မေစာပါစေနဲ့။ တဗျစ်တောက်တောက် လုပ်နေတဲ့ အိမ်ရှင်မကို ဘယ္သူမွ အလိုမရှိကြပါဘူး။

၂၂။ ပျင်းရိတဲ့ဇနီးဟာ ဂရုမစိုက်တဲ့ ဇနီးပါပဲ။ (ကိုယ် ရေချိုးဖို့တောင် မေ့နေတတ်တဲ့သူမျိုးပေါ့)

၂၃။ မယ်မယ်ရရ ချက်ကျေွးပါ။ အစားအေသာက္ကို ပေါ့ပျက်ပျက် သဘောထားတတ်တဲ့ ယောကျၤား မရွိပါဘူး။

၂၄။ ပြင်းထန်စွာတောင်းဆိုမှုမျိုး မပြုဘဲ အချိန်တိုင်းပျော်မွေ့စွာနေပါ။

၂၅။ ခင်ပွန်းသည်အပါအဝင် အိမ်ကိုလာတဲ့သူတိုင်းကို ရေပူ၊ ရေအေး ကမ်းပြီး ကြိုဆိုပါ။ ချိုသာတဲ့စရိုက်ဟာ စစ်မှန်တဲ့ အလှတစ်ပါးပါ။

၂၆။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး အဆိုးမြင်ဝါဒရှိသူတွေနဲ့ မပေါင်းဖက်ပါနဲ့။

၂၇။ အိမ်ထောင်ဆိုတာကိုယ်တန်ဖိုးထားရင်ထားသလောက်
အဖိုးတန်တဲ့ အရာပါ။ ပေါ့ပျက်ပျက်မထားသင့်ပါဘူး။

၂၈။ ရင်သွေးလေးတွေကို ချစ်ခင်ပါ။ ကောင်းမွန်စွာဂရုစိုက်၊ သွန်သင် ဆုံးမ ပေးထားပါ။

၂၉။ ဘယ်အကြောင်းနဲ့မှ အိမ်ထောင်အပေါ် ကိုယ်ရဲ့ ဂရုစိုက်မှုကို မလျော့စေပါနဲ့။ ဘယ်အသက်အရွယ် ရောက်ရောက် ဂရုစိုက်မှုက လွှမ်းမိုးထားနိုင်လို့ပါ။

၃၀။ ဘုရား၊ တရားသိတဲ့ ဇနီးသည်ဟာ မိမိ မိသားစုအတွက် အကောင်းမွန်ဆုံး အားအင်ပါ။ ဒါကြောင့် ခင်ပွန်းအတွက်၊ အိမ်ထောင် အတွက်အမြဲတမ်း ဆုတောင်းပေးပါ။

အိမ်ထောင် သာယာခိုင်မြဲဖို့ရာ နှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ ဒီ post မှာတော့ မိန်းမဘက်က လုပ်ပေးနိုင်တဲ့ အရာတွေကို စုစည်းထားပါတယ်။ (စာဖြည့်အနေနဲ့ - အချက်တော်တော်များများကတော့ ယောကျၤားလေးတွေလည်း လုပ်ဖို့ လိုပါတယ်)

ဒီအရည်အသွေးတွေက မရှိမဖြစ်တော့ မဟုတ်ပါဘူး။ (တစ်ချို့အချက်အလက်တွေဆိုရင်ပေါ့ပေါ့ပါးပါးလေးတွေပါ)

ဒီလိုလေးတွေ ကြိုးစားခြင်းအားဖြင့် အိမ်ထောင်ကို သာယာစေနိုင်တယ်လို့ အကြံပြုထားခြင်းပါ။

ခရစ်ယာန် ဓမ္မကျမ်းစာအုပ်ထဲမွကောက်နှုတ်ထားခြင်းဖြစ်ပါသည်။ ဘာသာပြန်ပေးသူလေးစားပါ၏။

စာဖတ်သူမ်ား စာဖတ် အဆင်ပြေစေရန် ပြန်လည် ပြင်ဆင် ရေးသားပါသည်။

Credit 

Post a Comment

0 Comments