Lockdown လုပ်ထားတုန်း ၁၇၉ မိုင်ဝေးတဲ့ မွေးရပ်မြေကို လမ်းလျှောက်ပြန်ခဲ့တဲ့ အိန္ဒိယရွှေ့ပြောင်းလုပ်သား အမောဖောက်ပြီး သေဆုံး

COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ အိန္ဒိယနိုင်ငံတစ်ဝန်း ပိတ်ဆို့ထားချိန်မှာ ၁၇၉ မိုင်ကွာဝေးတဲ့ မွေးရပ်မြေကို လမ်းလျှောက်ပြန်လာခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတစ်ယောက် အမောဖောက်ပြီး လဲကျသေဆုံးသွားခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ရွှေ့ပြောင်းလုပ်သား ရန်ဗီရာဆင်းမ်ဟာ နယူးဒေလီမြို့မှာ ပါဆယ်ပို့သူအဖြစ် အလုပ်လုပ်သူပါ။ 
အိန္ဒိယနိုင်ငံမှာ Lockdown (ပိတ္ဆို့မွု)လုပ္လိုက္လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ရပ်နားလိုက်ပြီး မဖြစ်မနေသွားဖို့လိုအပ်တဲ့ယာဉ်တွေကိုပဲ ခွင့်ပြုပေးထားပါတယ်။ အဲဒီအတွက် ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ အလုပ်သမားတွေက မြို့ပြကိုစွန့်ခွာပြီး သူတို့ရဲ့မွေးရပ်မြေတွေဆီ ပြန်လာနေကြပါတယ်။ 

ရန်ဗီရာဆင်းမ်ဟာ ပြီးခဲ့သည့်စနေနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ကနေ အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာရှိတဲ့ မိုရီနာခရိုင်ကို လမ်းလျှောက်ပြန်လာခဲ့တာပါ။ နယူးဒေလီမြို့နဲ့ မိုရီနာခရိုင်က ၁၇၉ မိုင် ဝေးပါတယ်။ ဒါပေမဲ့ နယူးဒေလီမြို့ကနေ ၁၃၄ မိုင်ဝေးတဲ့ 
အက်ဂရာမြို့အရောက်မှာတော့ အမောဖောက်ပြီး လဲက်သြားခဲ့တယ္လို့
ရဲအရာရွိ အာဗင်ကူးမားက ပြောပါတယ်။ သေမှုသေခင်း စစ်ဆေးမှုအရ ရန်ဗီရာဆင်းမ်က နှလုံးဖောက်ခဲ့တာပါ။ ခရီးဝေးလမ်းလျှောက်ရလို့ အမောဖောက်ပြီး နှလုံးရောဂါဖောက်ခဲ့တာဖြစ်မယ်လို့ အာဗင်ကူးမားက ပြောပါတယ်။ ရန်ဗီရာဆင်းမ် လဲကျသွားချိန်မှာ အနီးနားမွာရွိတဲ့ ဈေးဆိုင်ပိုင်ရှင်က သူ့ကို လက်ဘက်ရည်နှင့် စားစရာနည်းနည်းပါးပါး ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရန်ဗီရာဆင်းမ်က ရင်ဘတ်အောင့်တယ်လို့ ညည်းတွားပြီး မကြာခင် သေသွားခဲ့တာပါ။ 
ရွှေ့ပြောင်းလုပ်သားတွေကို ငွေကြေးအခက်အခဲ သက်သာလျော့ပါးအောင် ပြည်နယ်အစိုးရတွေက ကူညီပေးရမယ်လို့ ဗဟိုအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေက ပြည်နယ်နယ်စပ်များကို ဖြတ်ကျော်သွားလာတာဟာ ပိတ္ဆို့မွုကို ချိုးဖောက်ရာရောက်လို့ သူတို့တွေကို ပြည်နယ်ဖြတ်ကျော် သွားလာနိုင်ခြင်းမရှိအောင် အစားအစာနဲ့ ခိုလှုံရာနေရာပေးဖို့၊ ပြည်နယ်အတွင်းကနေ ထွက်သွားပြီးသားသူတွေကိုလည်း တခြားနေရာတွေမှာ အသွားအလာကန့်သတ်ထားဖို့ ဗဟိုအစိုးရက တိုက်တွန်းထားပါတယ်။
Credit

Post a Comment

0 Comments