မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူကို သင်္ဂြိုဟ်ရန် ညွှန်ကြားချက်စောင့်နေ

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ COVID-19 ဗိုင်းရပ်စ်ရောဂါ စက်ခံထားရသူ အတည်ပြုလူနာတစ်ဦး မတ်လ ၃၁ ရက် မနက် ၇ နာရီ ၄၀ မိနစ်က သေဆုံးသွားတယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။

သေဆုံးသွားတဲ့ လူနာနေထိုင်တဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ” ဆုံးသွားတာဟုတ်ပါတယ်။ အသုဘလိုက်ပို့တာ စီစဉ်ဖို့ကလည်း ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ကြားချက်တွေ မလာသေးပါဘူး။ ဘယ်သူလိုက်ပို့မလဲဆိုတာ အပေါ်ကဆုံးဖြတ်မှာပါ။ သင်္ဂြိုဟ်ဖို့ကိစ္စက ဘာလုပ်ရမလဲ ညွှန်ကြားတဲ့ အပေါ်မူတည်ပါတယ်။ ခုတော့ဘယ်သူမှလိုက်ပို့ခွင့်မပြုထားပါဘူး။ ကျနော့်အနေနဲ့ဒီ သတင်းကိုတော့အတည်ပြုပါတယ်။ အရင်ကကောလဟာလထွက်တုန်းကလည်းမ ဟုတ်ရင် မဟုတ်ဖူးပဲပြောခဲ့တာ။ လောလောဆယ်တော့ မိသားစုတွေလည်းဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပ မပြုထားပါဘူး” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ လူနာနံပတ် ၅ (COVID-19 Case5)ဟာ နှာခေါင်းကင်ဆာရောဂါကို သြစတြေးလျနို်ငငံမှာ တစ်လကြာ ဆေးကုသမှုခံယူပြီး စင်္ကာပူကနေမြန်မာနိုင်ငံကို ပြန်လာတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။

လက်ရှိမှာ သူနဲ့အတူနေထိုင်ခဲ့တဲ့ မိသားစုဝင်ထဲက အသက် ၄၅ နှစ်အရွယ်သားဖြစ်သူ မှာလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ မတ်လ ၂၉ ရက်နေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူနာနံပါတ် Case 10အဖြစ် ထုတ်ပြန်ထားပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာနေထိုင်တဲ့ COVID-19 အတည်ပြုလူနာနှစ်ဦးနဲ့ အတူနေထိုင်ခဲ့တဲ့ မိသားစုဝင်တွေက  ၁၉ ဦးရှိပြီး အိမ်မှာကျန်ရှိခဲ့တဲ့မိသားစုဝင်တွေကိုလည်း လက်ရှိမှာ အဖျားတိုင်းတာစစ်ဆေးပြီး အိမ်ထဲကအိမ်ပြင်ပေးမထွက်ထားလို့ လူနာသေဆုံးတာကို အသုဘစီစဉ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ  COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီး ကူးစက်ခံရသူတွေထဲက ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

Credit

Post a Comment

0 Comments