အီတလီတွင် ကိုရိုနာကြောင့် သေဆုံးအလောင်းများကို စက်များဖြင့် ကိုင်တွယ်ဖြေရှင်းနေရ


အီတလီနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆေရီယာတီမြို့ငယ်လေးမှာ အလောင်းတွေကို စက်မှုလုပ်ငန်းသုံး စက်တွေသုံးပြီး ကိုင်တွယ်ဖြေရှင်းနေရပါတယ်။အလောင်းတွေက နေ့တိုင်း ခဏခဏ ရောက်လာလို့ စိန့်ဂျိုးဆက် ခရစ်ယာန် ဘုရားကျောင်း ကြမ်းပြင်မှာ တန်းစီ ချထားရတာပါ။
လုံလောက်အောင် စုမိပြီဆိုမှ သင်းအုပ်ဆရာ မာရီယိုကာမီနာတီနဲ့ တခြား သင်းအုပ်ဆရာတွေက အလောင်း
တွေကို ကောင်းချီးပေးပြီး ဝန်ချီစက်တွေနဲ့ စစ်တပ်သုံး ကုန်ကားတွေပေါ်ကို တင်ပြီး သုသာန်ဆီ ပို့ပါတယ်။
ကူးစက်ခံအလောင်းတွေကို မမြှုပ်ခင် ကုန်လှောင်ရုံထဲမှာ မထားစေချင်တဲ့ သင်းအုပ်ဆရာက စိန့်ဂျိုးဆက် ဘုရားကျောင်းကို ဖွင့်ပေးထားဖို့ ဆုံးဖြတ်ခဲ့တာပါ။
“ဝမ်းနည်းစရာ အကောင်းဆုံးက ဒီအလောင်းတွေကို အဝတ်မပါဘဲ ခေါင်းတလားထဲ ထည့်ထားရတာ သိပ်ပြီးလည်း အထီးကျန်တယ်” လို့ သင်းအုပ်ဆရာက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
“သေဆုံးသူတွေကို ဘယ်သူမှ မမြင်နိုင် မကြားနိုင်ဘူး၊ သူတို့ ချစ်ခင်သူတွေကလည်း သူတို့ကို စကားမပြောနိုင် မနှစ်သိမ့်နိုင်ခဲ့ကြဘူး” လို့ သူက ဆက်ပြောပါတယ်။
ကူးစက်ကပ်ဘေးကြောင့် နိုင်ငံထဲမှာ ဈာပနအခမ်းအနားလည်း ကျင်းပခွင့် မရှိပါဘူး။ စစ်သားတွေနဲ့ ရဲတွေက ဇီဝကာကွယ်ရေးဝတ်စုံတွေ ဝတ်ထားပြီး ခေါင်းတလားတွေကို စစ်ကားတွေနဲ့ သယ်ဆောင်ပြီး သင်္ဂြိုဟ်ပေးတာပါ။
Credit

Post a Comment

0 Comments