ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဘဏ်တွေအားလုံးဟာ ပုံမှန်ဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။



လက်ရှိမှာတော့ ငွေပေးချေတာတွေ ပိုပြီးလွယ်ကူစေဖို့ မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်ထက် ပမာဏတိုးမြှင့်ဆောင်ရွက်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

မိုဘိုင်းလ်ငွေလွှဲလက်ခံဝန်ဆောင်မှုတခုဖြစ်တဲ့ Wave Money ကတော့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်အရ ဒီနေ့ကနေ ဧပြီ ၃၀ ရက်အထိ တရက်ကို ကျပ် ၁၀ သိန်းအထိ ငွေလွှဲနိုင်တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ဟာ ဘဏ်လုပ်ငန်းတွေ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့အတွက် အစီအမံတွေ လုပ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီအစီအမံတွေ ကြိုလုပ်ကြဖို့ကိုလည်း ဘဏ်တွေကို မတ် ၁၃ ရက်ကတည်းက ညွှန်ကြားထားခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ကစလို့ ဘဏ်တွေမှာ ပုံမှန်ထက်ပိုပြီး ငွေသားလာထုတ်လာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက် အစမှာ ဖော်ပြထားတာကြောင့် မစိုးရိမ်ကြဖို့ အခုလို ထုတ်ပြန်ပြောဆိုတာဖြစ်ပြီး ATM အလိုအလျောက် ငွေထုတ်စက်တွေမှာလည်း အချိန်မရွေးငွေထုတ်နိုင်ဖို့ စီစဉ်ထားဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

#credit

Post a Comment

0 Comments