မုံရွာကုန်စည်ဒိုင်နှင့် ညဈေးတန်း ယာယီပိတ်


COVID-19 ကာကွယ် ရေး မုံရွာမြို့ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ စုဝေးရာကုန်စည်ဒိုင် နှင့်ညဈေးတန်းကို မတ်လ ၂၅ ရက်ကစတင်၍ ယာယီပိတ်ထား သောကြောင့် နေ့စဉ်ကုန်စည် ပေါက်ဈေးထုတ်ပြန်နိုင်ခြင်းမရှိ သော်လည်း မြို့ပေါ်ရှိ ပွဲရုံများ တွင် ပုံမှန်အတိုင်းအရောင်းအ ဝယ်ပြုလုပ်နေကြောင်း မုံရွာမြို့ နယ်စည်ပင်သာယာရေးကော်မ တီဥက္ကဋ္ဌဦးကျော်မျိုးဝင်းက ပြော သည်။
မုံရွာမြို့တွင် မတ်လ ၂၄ ရက်က ဈေးများ၊ စတိုးဆိုင်များ၌ ဈေးဝယ်သူများဖြင့် စည်ကားနေ သဖြင့် ရောဂါကူးစက်မှုမရှိရေး ဈေးဝယ်ရန် အခက်တွေ့သူများ ကို လူငယ် ၅၀ ခန့်က အိမ်တိုင် ရာရောက်ဈေးဝယ်ပေးသည့် အခ မဲ့ ဝန်ဆောင်မှုပေးနေကြောင်း Save Monywa အဖွဲ့ဝင်ကို အောင်နေမျိုးက ပြောသည်။
ထို့အပြင် အခြားသတင်း တစ်ရပ်တွင် ဗန်းမောက်မြို့ နယ် ဇလုံတောင်ဘုရားသို့ နေ့စဉ် ခရီးသည် ရာနှင့်ချီ လာရောက် လေ့ရှိသဖြင့် COVID-19 ကာကွယ်ရန် မတ်လ ၂၄ ရက် ညကစ၍ ဘုရား ဖူးခရီးသည်များ သွားလာခွင့်ပိတ်ထားသည်။

Post a Comment

0 Comments